အချစ်ဖြင့် လောင်ကျွမ်းကြသူများ-၁၆

667 112 18
                                        

ဘာခ့် လူရိုင်းမျိုးနွယ်စု.
ရက်စက်သည်.
သန်မာထွားကြိုင်သည်.
အသွင်ကြမ်းတမ်းသည်.
ရက်စက် ယုတ်မာသည် စသည့် နာမဝိသေသနတို့နှင့် ပြည့်သော အန္တာရယ်တို့နှင့် အကောင်ငယ်လေးအား မကြုံကြိုက်စေလိုသည်က ပတ်ချန်၏ ဘက်လိုက်သော သဘောဆန္ဒဖြစ်သည်.
အမြဲလိုပင် ရန်လိုနေကာ နယ်မြေလုလေ့ရှိသော ဘာ့ခ်တို့၏ စစ်ရေးကျွမ်းကျင်ပုံက အကောင်ငယ်လေးအတွက် အန္တာရယ်များလွန်းသည် ဟု ပတ်ချန် ထင်သည်လေ.

စစ်သည်သည် တိုက်ပွဲနှင့် ကွဲကွာရှောင်ကြဉ်ခြင်းဓလေ့မရှိသော်လည်း ဒီကောင်လေးကိုတော့ ထိုသို့ မဖြစ်စေချင်.
ပတ်ချန်ခန္ဓာ၌ အမာရွတ်အထပ်ရှိသော်လည်း ကောင်ငယ်လေးကိုတော့ ထိုသို့မဖြစ်စေချင်.
အန္တာရယ်ကင်းကင်းသာ ရှိစေချင်သည်.

ကောင်ငယ်လေး၏ ပထမဆုံးတိုက်ပွဲ အတွေ့အကြုံကို ဘာခ့်တို့နှင့် မဖြစ်စေချင်.
ဘာခ့်တို့ လက်၌ အသက်ပေးလိုက်ရသည့် စစ်သည်တို့ အမည်အကြားတွင် ဆူး ဟူသော ဝေါဟာရနာမလေးအား မပါဝင်စေချင်.
ကိုယ်တိုင်သာ အန္တာရယ်တွင်းကို ခုန်ဆင်းရဲ ခုန်ဆင်းချင်သော်လည်း ကောင်လေးကိုတော့ ထိုသို့မဟုတ်.
အရိပ်အာဝါသတခုတွင်သာ ငြိမ်းငြိမ်းချမ်းချမ်း ရှိစေချင်သည်  .

ပတ်ချန်၏ ထိုသို့သော သဘောထားဆန္ဒကို အကောင်ငယ်လေးက နားမလည်ပေ.
ကိုယ်ကတော့ လုံခြုံစေလို၍ လှောင်အိမ်ထဲတွင် သော့ခတ်ထားကာမှ အနေကြပ်ငည်ထင်ကာ အဝေးကို ပျံထွက်ချင်နေသော ငှက်ငယ်လို.
တရံတခါ၌ လှောင်အိမ်ငယ်လေးသည် သူ့အတွက် အလုံခြုံဆုံးသော နေရာဆိုသည်ကို သိစေချင်စမ်းပါဘိ.

ခုတော့ ကိုယ့်မှာ ခြေလျင်တပ်တွင် ပါသော သူ့ကို ရင်တမမနှင့် မျက်စိဒေါက်ထောက် လိုက်ကြည့်နေရပေတော့မည်.

......................................................

လူသတ်ရခြင်းအမှုကို ဓားကိုထုတ် လူကိုခုတ် ရုံနှင့် ပြီးပြတ်မည် ဟု ဆူးထင်ခဲ့ဖူးသည်.
အထင်နှင့်အမြင်က တက်တက်စင်အောင်လွဲသည်.
ရှေ့မှ လူများ ခုတ်ဖြတ်ကာ အသက်နှုတ်သွားသော လူသေလောင်းတို့ကိုမြင်တော့ ကြောက်တတ်သော စိတ်က အုံကြွလာသည်.
ရေစီးကြောင်းငယ်သဖွယ် စီးနေသော သွေးတို့က မြေနီနှင့် ရဲကာ ပြန့်လာသည်.
ထိုအခြင်းအရာကို ငယ်သောနှလုံးက တဆတ်ဆတ်တုန်ကာ လက်၌ ကိုင်စွဲသော ဓားပင် ဆတ်ဆတ်ခါလာသည်အထိ.

အချစ်ဖြင့် လောင်ကျွမ်းကြသူများ(Z + U)Место, где живут истории. Откройте их для себя