အချစ်ဖြင့် လောင်ကျွမ်းကြသူများ-၂၁

261 36 22
                                        

လေးညှိ့က လွတ်သွားသည့်မြားက လိုရာကိုမရောက်ဘဲ ပစ်ကွင်းကို ထင်ထင်ရှားရှားပင် လွဲချော်သွားလေသည်။

"ကျရှုံး" ဟူသော အော်သံကြီးနှင့်အတူ
ဆူး စိတ်ပျက်လက်ပျက်ဖြစ်သွားလေသည်။
ဒီနေ့ မြားပစိကွင်းထဲက ထွက်ရဦးမည်လေလား?

သတ်မှတ်စံချိန်မပြည့်မချင်း လေ့ကျင့်ရေးမနားရ
အမိန့်ကြောင့် နေရာမှမရွေ့ရသေးသော သူများထဲတွင် ဆူးက ထိပ်ဆုံးကပင်။
နေကလည်း တဖြေးဖြေးထိပ်ရောက်လာ
ပစ်မှတ်ကလည်း မထိနိုင်နှင့် ဆူးတော့
ခြေကုန်လက်ပန်းကျနေပြီပင်။
လူကြီးရှိရငိ ကောင်းမှာပဲ။

စိတ်ကိုပြန်တင်းကာ လေးညှိ့ကိုပြန်ဆွဲတင်လိုက်သည်။

"ပစ်မှတ်ကို ထိဖို့ဆို ကိုယ်ဟန်အနေအထားက
မှန်ဖို့လိုတယ်လေ....ဆူးလေးရယ့်...."

လေးကြိုးကို ဆွဲထားသော ဆူးလက်ပေါ်ကိုလက်ထပ်တင်ကာ ဆူးပုခုံးအနေအထားကိုပြင်ပေးလာသူကို နောက်လှည့်မကြည့်ဘဲ ဘယ်သူမှန်း
သိလိုက်သည်။
ဟွန့်.....အရှင်...
ခုမှရောက်လာတယ်.......

ဆူးစိတ်ကောက်သလို နှုတ်ခမ်းဆူမိပေမယ့်
ရင်ထဲတွင်တော့ ကြိတ်ကျေနပ်သွားသည်။

အခွင့်အရေးကို အမိအရယူတတ်သောအရှင်က
မြားဆွဲထားသော လက်အစုံကို ထပ်တင်ဆုပ်ကိုင်ထားရုံသာမက ဆူးတကိုယ်လုံးကိုပါ သူ့ရင်ခွင်ကျယ်ထဲသွင်းကာ ထိကပ်ထားလေသည်။

အရှငိ့ထိန်းချုပ်ပေးထားမှုနဲ့ လွတ်တင်လိုက်သည့်မြားက ဗဟိုချက်တည့်တည့်ပင်။
တစ်ချက်...
နှစ်ချက်...
သုံးချက်....
လေးချက်...
ငါးချက်....

ဗဟိုစက်ဝိုင်းက မြားငါးချောင်းကြောင့်
ဆူး ဝမ်းသာအားရထခုန်ကာ အရှငိ့ဆီကို လှည့်ကြည့်တော့ အရှင်က ညုတုတုအကြည့်နဲ့ မျက်ခုံးတဖက်ပင့်ပြလာသည်။

ဆူးရှက်သွေးဖြာကာ နှုတ်ခမ်းကိုသာ ကိုက်မိတော့သည်။
ဒီအရှင်ကတော့.....

သတ်မှတ်စံချိန်ပြည့်ပြီမို့ လေးကို နေရာပြန်ထားကာ ဆူးမြားပစ်ကွင်းထဲက ထွက်လာတော့ အရှင်က မသိမသာလိုက်လာသည်။
ဘေးချင်းကပ်လျှောက်ရင်း အရှင့်လက်ကြီးကြီးက ဆူးလက်ကို တချက်တချက်လာထိတော့ ဘေးဘီကိုဝဲကြည့်ရင်း ရင်တသိမ့်သိမ််ခုန်ရပြန်သည်။

အချစ်ဖြင့် လောင်ကျွမ်းကြသူများ(Z + U)Donde viven las historias. Descúbrelo ahora