အချစ်ဖြင့်လောင်ကျွမ်းကြသူများ-၂၃

113 21 3
                                    

ရိက္ခါဆောင်ထဲတွင် အလှည့်ကျစစ်သည်များ
နှင့် ရှုပ်ယှက်နေသည်။
ချက်ပြုတ်သူက တပိုင်း၊ ထင်းသယ်ရေခပ်သူတို့တသွယ်၊ ဟင်းစားဖျက်သူတို့က တမျိုးနှင့် ကိုယ့်အာရုံနှင့်ကိုယ်ပင် အလုပ်ရှုပ်နေကြသည်။

ဆူးသည်လည်း တာဝန်ကျသည်မို့ ထင်းလာသယ်နေရသည်။ စိတ်နှင့်လူမကပ်နေသည်မို့ ဘေးပတ်ဝန်းကျင်ကိုလည်း အာရုံမရှိပေ။
ထင်းသယ်ရန်ကုန်းလိုက်သည်ကို နောက်မှတင်ပါးအား လာကပ်သည့်လက်တစ်ဖက်ကြောင့်သာ လန့်ဖြတ်ရင်း လူနှင့်အာရုံတွဲမိတော့သည်။
ဆူးတင်ပါးပေါ်တွင် ရှိနေသောလက်က တင်ရုံသာမက ညှစ်ပါညှစ်လာသောကြောင့် အလန့်တကြားကြည့်မိတော့ အသစ်ပြောင်းလာသည့် တပ်ခွဲမှူးနှင့်အပေါင်းအပါတသိုက်ပင် ဖြစ်သည်။

"ဘာလဲ........လန့်သွားတာလား။
  မင်းလေးက သတင်းကြီး‌လို့ ငါလည်းစမ်းကြည့်ချင်ရုံပါ။
အရှင်ပတ်ချန်နဲ့လည်း မလွတ်၊ တပ်မှူးဂျွန်နဲ့လည်း မကင်း ။
ငါတို့တပ်မက ထိပ်သီးတွေအကုန် အသည်းစွဲနေတော့ ငါလည်း အရသာခံဖူးချင်လို.....
ရတယ်မို့လား.........."

ပြီတီတီ မျက်နှာပေးနဲ့ဒီလူကို ဆူးကုတ်ဆွဲပစ်လိုက်ချင်သည်။
အရှင်ပတ်ချန်နဲ့ မေတ္တာမျှတယ်ဆိုတာမှန်ပေမယ့်
အရှင်ဂျွန်ကတော့ ဆူးရဲ့ကျေးဇူးရှင်သက်သက်သာ။
ဒါကိုပင်မသိပါဘဲ အခွင့်အရေးယူချင်နေသောဒီလူကို ဆူးရွံရှာလှသည်။

"ဟားဟား......အရှင်ဂျွန် စွဲနေတာက မဆန်းပါဘူး။
မျက်မှောင်ကြုံပြီး စိတ်တိုနေတာလေးကိုက ချစ်ချင်စရာလေး....
လာစမ်း။။။။"

ပြောလည်းပြော လက်ကလည်းဆောင့်ဆွဲလိုက်တာမို့ ဆူးဟန်မထိန်းနိုင်ဘဲ ထိုလူဆီကို ပစ်ကျသွားသည်။
ဆူးကိုတင်းတင်းဖက်ရင်း လက်တွေက ပိုဆိုးလာတာ‌မို့ အတင်းရုန်းတော့ မြင်မကောင်းရှုမလှတွေဖြစ်လာသည်။
ဘေးလူတွေကပါ တဟီးဟီးတဟားဟားနှင့် အရသာခံပွဲကျနေသည်မို့ ကိုယ့်အာရုံနှင့်ကိုယ်အလုပ်များနေသော စားဖိုဆောင်ထဲက တပ်သားများက ဆူးတို့ဆီအာရုံရောက်လာသည်။

အတင်းဖက်ညှစ်ကာ ဆူးခေါင်းကိုလည်းဖိပြီး နမ်းရှုံ့နေသည်ကို တားမြစ်သည့်သူမရှိ။
ဟားတိုက်သူတွေ၊ အံ့အားသင့်နေဟန်နဲ့သူတွေ၊
ဒါဖြစ်သင့်တယ်ဆိုတဲ့မျက်နှာပေးနဲ့ ကျေနပ်ဟန်‌ပေါ်စွာ ရပ်ကြည့်နေသူများသာရှိသည်။
ဒါကိုက ဆူးဘဝပဲလား။
ကူညီမယ့်သူ မရှိနိုင်တော့ဘူးလား။
စစ်သည်ဘဝရောက်လာတာတောင် ယောက်ျားတွေရဲ့ အသုံးတော်ခံသက်သက်ပဲလား။

အရှင် ဆူးကို ကယ်တင်ပါ။

မျက်ရည်တွေကြားကနေ အတင်းရုန်းကန်နေရပေမယ့် မလွတ်နိုင်တော့မှန်းသိသည်။
မာန်မလျော့ချင်။
အရှင်ပတ်ချန်အား မေတ္တာသက်ဝင်ပြီးနောက်ပိုင်း
ဆူးသည် အရှင့်အတွက်သာဖြစ်ချင်သည်။
အရှင်ရယ်.....ဆူးကို ကယ်တင်လှည့်ပါ။

-----------------------------------------------------------

ရုန်းကန်ရန်အင်အားမရှိတော့သည့် ဆူးကိုယ်ပေါ်တွင်အဝတ်အစားတို့က ဖရိုဖရဲပင်။
မြက်ခင်းပေါ်တွင် ပစ်ချခံလိုက်ရသည်ကလည်း မသက်မသာ။
ဆူး ဒီနေရာတွင်သာ အသက်ကုန်သွားလိုက်ချင်သည်။

ဖရိုဖရဲဖြစ်နေသော အဝတ်တို့ကိုပါ အတင်းဆွဲဖြဲနေသောလူနှင့် ဘေးမှ ညာသံပေးကာ အားပေးနေသော လူများသည် ဆူး၏ဘဝပျက်ရခြင်းကို ပျော်နေကြဟန်ပင်။
ဖြစ်ချင်ရာသာ ဖြစ်ပါစေတော့ ဟု နှလုံးပိုက်ကာ
ဆူးမရုန်းကန်တော့။
အသက်မဲ့နေသူလိုသာ နေလိုက်တော့သည်။
ဒီတရက်ပြီးရင်တော့ ဆူးဘဝကိုအဆုံးသတ်လိုက်တော့မည်။

မထူးစိတ်ပိုက်ကာ နေသောဆူးအား ဆွဲလှဲကာ ထိုသူက ဆူးကိုယ်ပေါ်တို့တက်လာလေသည်။
ဝတ်ထားသော အတွင်းဝတ်ကိုပါ ဆွဲဖြဲလိုက်သည်မို့ ကိုယ်ခန္ဓာကို အအေးရိုက်ပြီးတုန်တက်သွားရသည်။
ဒီတရက်ပါပဲ။။။။။
ဆူး......ဒီတရက်ပါပဲ....

ပြီးရင် သေလို့ရပါပြီ။

"မင်းတို့ ဒါက ဘာဖြစ်နေကြတာလဲ........."

ဆူးစိတ်လျော့လိုက်ချိန်တွင်တော့ အတန်ကြာဝေးကွာနေသည့် လူတစ်ယောက်၏အေးစက်စက်စကားကို ကြားလိုက်ရလေသည်။

အရှင်ပြန်လာချေပြီ။

______________________________________

အချစ်ဖြင့် လောင်ကျွမ်းကြသူများ(Z + U)Место, где живут истории. Откройте их для себя