အချစ်ဖြင့် လောင်ကျွမ်းကြသူများ -(၄)

872 111 20
                                        

ဆူးခက် ဆူးနွယ်တို့ အတိပြီးသည့် နေရာတခုတွင် ဆူး ရောက်နေသည်.
ဒီနေရာ၏ အမည်နာမကို ဆူး မသိ.
ဘယ်အရပ်တွင် ရှိသည်ကိုလည်း ဆူး မသိချေ.

လက်အောက်ထောက်ထားရာတွင် ရှိနေသော ဆူးနွယ်တို့ကြောင့် ခြေလက်တို့တွင် ပြတ်ရှခြစ်ရာများက သွေးခြင်းခြင်းရဲလျက်.
နာကျင်မှုမှ အနည်းငယ်မျှပင် ကင်းလွတ်ရန်အလို့ငှါ အားတင်းကာ ကုန်းထတော့ ဆူး နှင့် အတူ ရုန်းကြွကာ ပါလာသည့် ဆူးခက်များ...
လက်နှင့် ဆွဲကာ နှုတ်ပါသော်လည်း နှုတ်လေ နစ်လေ ဖြစ်လာသည့် ဆူးနွယ်များ..
သွေးများ ပိုရဲလာလေလေ ဆူးနွယ်များက ပို ရုန်းကြွလာလေလေ.
ကော်ဇောကမ္ဗလာသဖွယ် မြေပြင်တလျှောက် ပြန့်ဆင်းနေသည့် ဆူးနွယ်များက ဆူး ရှိရာသို့သာ စုစည်းလာလေတော့ ကြောက်လန့်တကြား ရုန်းကန်ပြီး ထရပ်ရန် ကြိုးစားသည်.
သို့ပေမယ့်လည်း ဆူးနွယ်များက ပေါင်တံတလျှောက် သွယ်တက်လာကြပြီး ဆူးထား ထမရပ်နိုင်အောင် ရစ်ပတ်ထားကြသည်.
တကိုယ်လုံး တဖြည်းဖြည်း ဖုံးလွှမ်းလာသော ဆူးနွယ်များက မျက်နှာ ထိပါ ရောက်ရှိလာပြီး ဆူး၏ မြင်ကွင်းကိုပင် ပိတ်ကာ ဆူးပြင်အောက်အရပ်ကို ဆွဲချသွားလေသည်.
ဝိညာဉ် လွှင့်သူတယောက်လို ဆူး ၏ စိတ်သည် ဦးတည်ရာမဲ့ မြောလွင့်လျက်.

အရာရာ အမှောင်ကျကာ အမြင်ကွယ်နေသူတယောက်လို လေ၌ မြောလွင့်နေသော ဆူး အား ဖက်တွယ်လာသည့် တစုံတခု.
အထိအတွေ့အရတော့ သန်မာကျစ်လစ်သည့် လက်မောင်းတစုံဟု ယူဆနိုင်သည်.
ဆူး အား ဖက်တွယ်လာသည့် လက်မောင်းပိုင်ရှင်က သေမင်းတယောက်များလား.
ဆူး သေသွားပြီမို့ သေမင်းက လာရောက်ခေါ်ဆောင်သည်လား.
ကြမ်းတမ်းခက်ခဲ နုံချာလှသည့်ဘဝမှ သေခြင်းတရားနှင့် လွတ်မြောက်စေသည့်  သေမင်းကို ဆူး ကျေးဇူးတင်သည်.
ကိုကို့ကို စိတ်မချသော်ငြားလည်း ဒီကျေးကျွန် ယောက်ျားတယောက်၏ အသုံးတော်ခံ ဘဝကတော့ လွတ်မြောက်ချင်ခဲ့တာမို့ ဒီသေခြင်းတရားကို ဖန်တီးပေးခဲ့သော သေမင်းအား အမှန်ပင်ကျေးဇူးတင်သည်.
ဆူး အား လာရောက်ဖက်တွယ်သော မမြင်ရသည့် သေမင်း၏ ရင်ခွင်တွင်းသို့ မှီတွယ်မိတော့ ဖွံ့ထွားကြံခိုင်သည့် ရင်အုပ်အစုံကို ခံစားမိသည်.
ခန္ဓာကိုယ်လှသော သေမင်း ဟု ဆူးတွေးမိသော အတွေးကြောင့် အပြုံးတခုက ခပ်ရေးရေး ပေါ်သည်.
မှိတ်ချထားသော မျက်ဝန်းအစုံကို အသာအယာ ဖွင့်တော့ အလုံးစုံဟာ အနက်ကမ္ဗလာ လွှမ်းလျက်.
ဆူး လက်တို့ကို မြှောက်ကာ သေမင်း၏ မျက်နှာရှိရာစမ်းမိတော့ ချောမွေ့ရှတသည့် အတွေ့ကို ရသည်.

အချစ်ဖြင့် လောင်ကျွမ်းကြသူများ(Z + U)Место, где живут истории. Откройте их для себя