"မောင့်သခင်မနေခြည်ထိပ်ထား♡"
Part (2)
-------------
-------------■■■ဇီးကုန်းသာရွာ■■■
"အောက်....အီး....အီး....အွတ်"
ဝိုင်းထဲက မန်ကျည်းပင်၂ပင်ကြားတန်းထိုးပေးထားတဲ့ ကြက်တန်းကနေ ကြက်တွေရဲ့အော်သံကြောင့် ဖိုးတော် တစ်ယောက်အိပ်ယာနိုးလာခဲ့သည်။
ထရံကြဲကြဲကိုဖြတ်ကာဝင်လာတဲ့နေရောင်က သူ့ မျက်နှာပေါ်ဟိုတစ်ကွက်ဒီတစ်ကွက်ကျရောက်လျက်"အဟင်း"
အိပ်ယာကနေထထိုင်လိုက်ပြီး ကျောတစ်ချက်ဆန့်ရင်း မျက်ခွံတွေကိုလက်ခုံဖြင့်ပွတ်သပ်ကာ ဇာခြင်ထောင်ဖြူထဲကနေ သူထွက်လာလိုက်သည်။
အခန်းဝမှာချိတ်ထားတဲ့တိုင်ကပ်နာရီကနေ သူ
အချိန်ကြည့်လိုက်တော့"၇နာရီတိတိ"။
သေချာပါတယ်
ဒီအချိန်ဆို အမေ ရွာထဲ ပဲပြုတ်လှည့်ရောင်းလို့ကောင်းတုန်းပဲနေမှာ။
ဖိုးတော် အိမ်ထဲကထွက်လာကာ အ်ိမ်ဘေးက ရေချိုးတဲ့နေရာဆီကို လျှောက်လာသည်က မျက်နှာသစ်ဖို့ပင်။
သူ သစ်သားစည်ပိုင်းပြတ်ထဲက ရေကိုခပ်ယူကာ သွားတိုက် မျက်နှာသစ်ပြီးသည် ဘေးကရေတုန်ကင်ကို နှိပ်ကာ ရေနည်းနေပြီဖြစ်တဲ့စည်ပိုင်းထဲရေအပြည့်နှိပ်ဖြည့်လိုက်သည်။
ထို့နောက်မှာတော့...
ထမင်းဟင်းချက်တဲ့မီးဖိုချောင်က ရေပုံးတွေကိုသာမက ရေအိမ်ထဲအထိပါ သူရေလိုက်ဖြည့်နေလိုက်သည်။"အဟက်!!!"
ရေဖြည့်ရင်းသူတွေးမိလိုက်သည့် အကြောင်းကြောင့် သူရီလိုက်မိသည်။အကြောင်းကတော့
အခုလိုသူရေတွေဖြည့်နေတာကို အမေသာတွေ့လို့ကတော့ ဆွေ့ဆွေ့ခုန်မှာမြင်ယောင်သေး။
ဖအေ ဘယ်သူမှန်းတောင်မသိပဲ
အမေတစ်ခုသားတစ်ခုဘဝနဲ့ဒီရွာမှာဆင်းရဲတဲ့ ပဲပြုတ်သည်ရဲ့သားဆိုပေမဲ့
အမေက သူ့ကိုခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်ထားခဲ့ပြီး
ယုတ်စွအဆုံးရေတောင်မဆွဲခိုင်းပါ။
ဘာတွေဘယ်လိုပဲဖြစ်ဖြစ်
ဘယ်သူတွေဘာဘာပြောပြော
အမေကတော့သူကိုငယ်ငယ်လေးထဲကဘာဆိုဘာမှမခိုင်း။
သူအသက်ကအခုဆို ၁၆ကျော်ကာ၁၇တောင်ပြည့်ခါနီးနေသလို ၁၀တန်းစာမေးပွဲဖြေထားပြီးနေပြီပင်။
ရွာထဲကလူတွေဆို အမေစျေးသွားရောင်းတိုင်း
အမေ့ကိုအမြဲပြောနေကျစကားက
YOU ARE READING
မောင့်သခင်မ နေခြည်ထိပ်ထား(Complete)(Unicode)
Romanceဇီးကုန်းသာရွာကပဲပြုတ်သည်သား "ဖိုးတော်"ဆိုတဲ့ကောင်လေးတစ်ယောက်က သူတို့ရွာကိုအလည်လာတဲ့ အခြေကြီးပြီးဝုဏ်သတင်းမွှေးတဲ့ "နေခြည်ထိပ်ထား"ဆိုတဲ့ ကောင်မလေးကိုချစ်မိသောအခါ.....