Part(11)

4.4K 143 0
                                    

"မောင့်သခင်မ နေခြည်ထိပ်ထား♡"

Part (11)
--------------
--------------

ထိပ်ထားနဲ့ပပ အကြီးရဲ့ဦးဆောင်မှုနဲ့ တော်ဝင်စံအိမ် အရှေ့ရောက်လာခဲ့လေပြီ....

လက်ထဲမှာလဲ အဝတ်ထုတ်ကိုယ်စီနဲ့သာ...
အကိုဘုန်းမြတ်ကို သေသေချာချာရှင်းပြပြီးအလုပ်ထွက်ခဲ့ပေမဲ့ အကိုကတော့ သူလစာဖြတ်လို့ ထိပ်ထားအလုပ်ထွက်သည်ထင်နေ၍ မနဲရှင်းပြခဲ့ရသေးသည်

"ဟူးးး"

တက္ကစီပေါ်က ဆင်းဆင်းချင်း လေပူတစ်ချက်မှုတ်ကာ အကြီးနောက်ဆက်လိုက်လာခဲ့သည်

"တော်ဝင်စံအိမ်🏛"

ဆိုတဲ့ရွှေရောင်ဖိတ်ဖိတ်တောက်နေတဲ့ ဆိုင်းပုဒ် ကတကယ်ကိုလူရှိန်စေသည်...

"ကျီ!!!"

ထိပ်ထားတို့၃ယောက်ခြံဝမှာရပ်လိုက်သည်နှင့် ၈ပေလောက်ရှိသည့် ခြံတံခါးကြီးပွင့်လာလေသည်

ခြံတံခါးမှာလဲ နဂါးနှစ်ကောင် ခေါင်းချင်းဆိုင်ကာ မာန်ဖီနေတဲ့ပုံစံကနုတ်တွေနဲ့အင်မတန်အသက်ဝင်ကာလှပလွန်းနေခဲ့သည်

ခြံထဲ ခြေချလိုက်သည်နှင့် ဘေးပတ်ပတ်လည်မှာ အနောက်တိုင်းဝတ်စုံအပြည့်နဲ့သက်တော်စောင့်များ လက်ထဲမှာလဲ သေနတ်တွေကိုင်ထားသေးသည်
တစ်ခုခုရုတ်ရုတ်သဲသဲဆိုတကယ်ပစ်မဲ့ပုံတွေပင်

ကတ္တရာလမ်းဖြူးဖြူးဘေးမှာလဲ အရိပ်ရအပင်တွေစီရီလျက် တော်ဝင်စံအိမ်တော်ကိုတော့အရိပ်အယောင်မျှမတွေ့ရသေး

ခြံတွင်းစီးတဲ့ ကားလေးတစ်စီး ရောက်လာကာ

"ထိပ်ထားနဲ့ပပ တက်တော့"

"ဟုတ်ကဲ့ အကြီး"

ကားလေးကနေတစ်ဆင့်ပတ်ဝန်းပျင်ကိုကြည့်ရင်း ထိပ်ထားတို့တွေ နာရီဝက်လောက်ကားစီးတော့မှ စံအိမ်ကြီးကိုတွေ့တော့သည်

ရွှေရောင်တောက်ပကာတကယ်လှပကြီးမားလွန်းတဲ့ စံအိမ်ကြီးဖြစ်သည်

တော်ဝင်မိသားစုချမ်းသာတယ်ဆိုပေမဲ့ စံအိမ်ကိုတော့မမြင်ဖူးခဲ့ပါ
ထိပ်ထား စက်ရုံပိုင်ရှင်သူဠေးသမီးဘဝနဲ့နေခဲ့ပေမဲ့ ဒီတော်ဝင်မိသားစုရဲ့ချမ်းသာမှုနဲ့ယှဉ်ရင် အင်းစက်ပိုးမွှားသာသာမျှသာ...

မောင့်သခင်မ နေခြည်ထိပ်ထား(Complete)(Unicode)Onde histórias criam vida. Descubra agora