Part(3)

5.4K 163 0
                                    

"မောင့်သခင်မနေခြည်ထိပ်ထား♡"

Part (3)
-------------
-------------

တရိပ်ရိပ်ဖြတ်သန်းလာတဲ့ကားပြတင်းပေါက်ကနေတစ်ဆင့် ထိပ်ထား လယ်ကွင်းစိမ်းတွေကိုကြည့်ကာ လိုက်ပါလာခဲ့လေသည်

ဖေဖေနဲ့ အိမ်အကူမိညိုပါ ထိပ်ထားနဲ့အတူ ပါလာသည်က "ဇီးကုန်းသာ" ရွာက ဖေဖေ့အမေ ဒေါ်ဇာခြည် ထံသွားမှာဖြစ်သည်

"ဒေါ်ဇာခြည်" လို့နမည်ကြားလိုက်တာနဲ့ ထိပ်ထားဒေါသတွေနဲ့အတူ ဝမ်းနည်းပူဆွေးမှုတွေ ဖြစ်ထွန်းလာခဲ့သည်

တကယ်တော့ ထိပ်ထားက တစ်ဦးတည်းသောကလေးမဟုတ်ပါ...
ဖေဖေဦးကောင်းမြတ်နဲ့ မေမေဒေါ်မီမီဇင် တို့ကနေ နေခြည်ထိပ်ထား ဆိုတဲ့ထိပ်ထား နဲ့ မောင်လေး ရောင်နီမြင့်မား ဆိုတဲ့ ရောင်နီနဲ့ သားသမီး၂ဦးရှိသည်

ထိပ်ထား ၅တန်းမှာ ရောင်နီလေးက သူငယ်တန်းဖြစ်သည်

သင်္ကြန်မရောက်ခင် ၃ရက်လောက်အလိုက ရောင်နီနဲ့ထိပ်ထား အိမ်အကူ ဦးမောင်ရဲ့သား ထက်ယံလေးနဲ့အတူတူဆော့ကြရမှာ ထက်ယံလေး လှေကားပေါ်ကကျကာ ခေါင်းလဲကွဲခဲ့သလို ခြေထောက်တစ်ဖက်လဲကျိုးခဲ့လေသည်

ထိုအချိန်က စက်ရုံကိစ္စနဲ့ ဖေဖေနဲ့မေမေက ခရီးထွက်နေရပြီး အိမ်မှာ ဖေဖေ့အမေ အဖွားဒေါ်ဇာခြည်သာရှိသည်

ထက်ယံလေး ထိုသို့ဖြစ်သွားသည့်ကိစ္စကို အဖွားက ထိပ်ထားနဲ့ရောင်နီကို အကြီးအကျယ်စိတ်ဆိုးပြီး အိမ်နောက်ခြံဝန်းထဲမှာ ကြိုးတုတ်ပြီး အပြစ်ပေးလေသည်

အဖွားကစိတ်ဆိုးလို့ခနသာ အပြစ်ပေးသည်ဟုထိပ်ထားထင်မိသော်လည်း
ထိပ်ထားတို့အပြစ်ခံယူပြီး နာရီဝက်အကြာမှာ သင်္ကြန်မိုးသည်းထန်စွာရွာကျလာခဲ့သည်

၁နာရီလောက်ထိပြင်းပြင်းထန်ထန်ရွာကျခဲ့သော သင်္ကြန်မိုးအောက်မှာ အဆုတ်ပွရောဂါအခံရှိတဲ့ရောင်နီလေးက ထိပ်ထားအရှေ့မှာတင်သတိလစ်သွားခဲ့သည်

ရောင်နီလေးသတိမလစ်ခင်အရမ်းချမ်းကာ ကတုန်ကယင်ဖြစ်နေထဲက ထိပ်ထားအိမ်ကလူတွေကိုလှမ်းခေါ်ပေမဲ့ မိုးသံကြောင့်လား တမင်ပဲမကြားချင်ယောင်ဆောင်နေခဲ့တာလား မသိ...
တစ်ယောက်ဆိုတစ်ယောက်မှ ပေါ်မလာခဲ့ပေ....

မောင့်သခင်မ နေခြည်ထိပ်ထား(Complete)(Unicode)Tahanan ng mga kuwento. Tumuklas ngayon