Part(6)

4.2K 135 1
                                    

"မောင့်သခင်မ နေခြည်ထိပ်ထား♡"

Part (6)
-------------
-------------

ညကဖိုးတော်တစ်ယောက် ဖွားဇာ ဝိုင်းအရှေ့မှာ နေခြည်ထိပ်ထားအတွက် သီချင်းသွားဆိုတဲ့အကြောင်းက
ဇီးကုန်းသာ ရွာက ကာလသားတွေနဲ့ အပျိုတွေကြားမှာ မနက်မိုးလင်းတာနဲ့ဟိုးလေးတကြော်ဖြစ်သွားခဲ့ရသည်

သားဖြစ်သူကိုသဲသဲလှုပ်တတ်တဲ့ ဒေါ်ကြွယ်နဲ့
ရွာထဲရှိဘယ်မိန်းကလေးကိုမှစိတ်မဝင်စားတဲ့ ဖိုးတော်ကတော့ ရွာမှာလူပြောများနေခဲ့သည်မဟုတ်လား

မနက်စောစောစီးစီး
ညိုနွဲ့တစ်ယောက် ရွာဦးစေတီမှာတံမြက်စည်းလှည်းရန် ရွာဦးစေတီသို့ရောက်စဉ်

"ဟဲ့..ညိုနွဲ့ နင်သိပြီးပြီလား"

"ဘာကိုလဲ"

"ညကဖိုးတော် ဖွားဇာဝိုင်းရှေ့မှာ သီချင်းသွားဆိုတယ်တဲ့"

"ဘာ!!!"

ဖြူသွယ်နဲ့ နီနီတို့စကားကြောင့် ညိုနွဲ့ရောက်ရောက်ချင်း ရင်ဝကိုစောင့်ကန်ခံခဲ့လိုက်ရသလိုပင်....

"ဟုတ်တယ်...ညက ဖိုးတော်သီချင်းသွားဆိုတော့ တင်မောင်မြင်နဲ့မှိုင်းအောင်လဲပါသွားသေးတယ်တဲ့...အရီးကြွယ်သိရင်တော့ ပွဲလှတော့မှာပဲ"

"ဘာလဲ!!!ဖိုးတော်က ဟိုမြို့သူနေခြည်ထိပ်ထားကိုကြိုက်နေတာလား ....ရွာကမိန်းကလေးတွေကိုကျတစ်ယောက်မှမကြိုက်တဲ့သူက ဟိုမြို့သူကိုမှသွားကြိုက်ရတယ်လို့ဟယ်"

"အေးလေဟယ်!!!ဟိုက အရမ်းမောက်မာတာတဲ့...ပိုက်ဆံလဲချမ်းသာ လူကလဲလှတော့ သွေးတအားကြီးတာနေမှာ"

တံမြက်စည်းလှည်းရင်းပြောနေကြတဲ့ မိန်းကလေးတွေရဲ့စကားက ညိုနွဲ့နားထဲကြားတစ်ချက်မကြားတစ်ချက်ပင်...

■ဘာလို့လဲ???
နင့်အနားမှာ ငယ်ငယ်လေးထဲကနေခဲ့တဲ့ ငါ့အချစ်ကိုကျမမြင်ပဲနဲ့...
ဘာလို့ဟိုမြို့သူမကိုမှသွားကြိုက်ရတာလဲ ဖိုးတော်ရယ်...
ငါမကျေနပ်ဘူး ဖိုးတော်
နင့်ကိုရော ဟိုမြို့သူမကိုရော....
တစ်ရက်လောက် အလှူမှာလူရုပ်ထွက်ပြလိုက်တာနဲ့ ဖိုးတော်အချစ်ကို နင်ရမယ်ထင်နေလား

မောင့်သခင်မ နေခြည်ထိပ်ထား(Complete)(Unicode)Donde viven las historias. Descúbrelo ahora