"မောင့်သခင်မ နေခြည်ထိပ်ထား♡"
Part (25)
---------------
---------------🎶🎶🎶ခုနစ်ဆောင်နန်းဘုံအလည်🎵🎵
နေခြည်နန်းရင်ပြင်မှာ🎵🎵
ရွှေရောင်အဆင်းလှပခြင်းနဲ့🎵🎵 ထိပ်ထားကလျာ🎵🎵🎵
မြင်မိမူးမိုက်တွေဝေ ရင်ဆူသဲလှိုက်ဖိုချိန်🎵🎵
ခြေတော်ဖဝါးနင်းခဲ့ပေါ့
ဥယျာဉ်ပန်းခင်းအလည်မှာ🎵🎵🎵
မဖြေသာတဲ့ဝေဒနာ🎵🎵 မကြေငြာပဲရင်မှာ 🎵🎵
မတန်တဲ့ပန်းလေးတစ်ပွင့်
စွဲလမ်းရင်းခံစားနေရှာ🎵🎵🎵 ရင်မှာလွမ်းငွေ့ဝေဝေ ကေသာဦးထက်ပန်လေ🎵🎵
ခြွေယူခူးသွားတော့🎵🎵 ဥယျာဉ်မှူးကိုယ့်ဘဝပါလေ🎵🎵🎵🎶🎶🎶နေ့အပြုံး ညမျက်နှာ🎵🎵
လမင်းအသိပါ🎵🎵
ရင်ခွင်ညှိုးနွမ်းလို့ အနေခက်ပြီ🎵🎵
ရာဇဒဏ်သင့်အမျက်မာန် ရှခဲ့ရင်🎵🎵
ဒီလူသား ချစ်မိသမျှ 🎵🎵🎵
လည်စင်းခံမယ်🎵🎵
ဒါတွေကို ဒါတွေကို🎵🎵🎵
ထိပ်ထား သိပါစေ🎵🎵
ထိပ်ထား သိပါစေ🎵🎵
ထိပ်ထား သိပါစေ🎵🎵
ထိပ်ထား သိပါစေ🎶🎶🎶"နေခြည်ထိပ်ထား" သီချင်းကို စိတ်ပါဝင်စားစွာ သေချာဆိုနေတဲ့ ဖိုးတော်ရဲ့အသံအရင်ကအတိုင်း မပြောင်းလဲ နားထောင်လို့ကောင်းနေဆဲပင်....
သူတို့အဖြစ်ကတော့
အခုမှ အပျိုဖြန်းလေးအိမ်ရှေ့မှာ ဂစ်တာတီးသီချင်းဆိုပြီး လာရောက်ပိုးပန်းကြတဲ့ကာလပေါက်များလိုပင်ဖြစ်နေသည်■ဖိုးတော်...
ဖိုးတော်...
မင်းရဲ့ဇာတာကိုက
ဘယ်လောက်ပဲဘယ်မိန်းကလေးတွေကိုချေမိုးခဲ့ပါစေ
နေခြည်ထိပ်ထား အရှေ့ရောက်ရင်
အမြဲခစားရမဲ့ ကံဇာတာပဲကိုး...အခုသူ့ဘဝက ကိုယ့်မိန်းမကိုပြန်ပြီးပိုးပန်းနေရတဲ့အဖြစ်....
မတတ်နိုင်ပေ....
သူ့အပြစ်တွေကိုသူကလွဲရင် ဘယ်သူသိနိုင်မှာပဲ...
■မင်းကျေနပ်သည်အထိ မောင်တောင်းပန်မှာပါ ထိပ်ထား....
မောင့်အပြစ်တွေအားလုံးအတွက်
ထိပ်ထားပေးသမျှအပြစ်ဒဏ်ကိုခံယူဖို့ မောင်အဆင်သင့်ပါပဲ....■မောင်လားဟင်!!
အခု သီချင်းဆိုနေတာ မောင်လား!!
မောင်ထိပ်ထားဆီလိုက်လာခဲ့တာလား!!!
ထိပ်ထားသတိရနေခဲ့တာ...
အရမ်းတွေတွေ့ချင်နေခဲ့တာ....
အရမ်းတွေလွမ်းနေခဲ့ရတာ....
STAI LEGGENDO
မောင့်သခင်မ နေခြည်ထိပ်ထား(Complete)(Unicode)
Storie d'amoreဇီးကုန်းသာရွာကပဲပြုတ်သည်သား "ဖိုးတော်"ဆိုတဲ့ကောင်လေးတစ်ယောက်က သူတို့ရွာကိုအလည်လာတဲ့ အခြေကြီးပြီးဝုဏ်သတင်းမွှေးတဲ့ "နေခြည်ထိပ်ထား"ဆိုတဲ့ ကောင်မလေးကိုချစ်မိသောအခါ.....