"မောင့်သခင်မ နေခြည်ထိပ်ထား♡"
Part (16)
---------------
---------------ဒီနေ့စံအိမ်မှာ တော်ဝင်အရှင် မရှိပါ...
အရှင်လဲမရှိသလိုကြင်ယာတော်လဲမရှိ...
မနက်က ၂ယောက်လုံးကားတစ်စီးထဲနဲ့ အတူတူအပြင်ထွက်သွားကြသည်ဒါ့ကြောင့်မို့ ထိပ်ထားနဲ့ပပ အရှင်မရှိတုန်း အကြီးကိုခွင့်တောင်းကာ မြို့ထဲကိုထွက်လာလိုက်ကြသည်
အကြောင်းကတော့ လကုန်ရက်မို့ နယ်က မိသားစုထံ ထိပ်ထားရော ပပပါ လစာလွှဲပေးရန်ဖြစ်သည်...
"မမ အပြင်ရောက်တုန်းလေ အေးမေတ္တာ လမ်းဆုံက အသုတ်ဆိုင်မှာအသုတ်ဝင်စားရအောင်!!မစားရတာလဲကြာပြီ ဒီလ လစာလဲကောင်းတော့ ပိုက်ဆံအပိုလဲရှိတယ်လေ...စားမယ်နော် မမ!!"
"ကလေးစားချင်ရင် စားကြတာပေါ့!!"
တကယ်လဲ တော်ဝင်စံအိမ်ကပေးတဲ့လစာက အရင်က ထိပ်ထားတို့လုပ်ခဲ့တဲ့အလုပ်ကထက် လစာ၂ဆလောက်ရသည်...
ထိပ်ထားလဲအိမ်ကိုများများစားစားလွှဲပေးနိုင်ခဲ့သလို အပိုလေးတောင်ကျန်သေးသည်မဟုတ်လား...အသုတ်ဆိုင်ရောက်တော့...
"အော်!!ကလေးမတို့ မလာတာကြာပြီနော်!!"
"ဟုတ်တယ် အန်တီရေ..ပပတို့အလုပ်ပြောင်းတော့ အဆောင်ပါပြောင်းလိုက်ရတာ!!"
"အေးပါကွယ်!!အလုပ်သစ်ကအဆင်ရောပြေရဲ့လား...မဦးကတော့ ညည်းတို့ကိုသတိရနေတာ မနေ့ကတောင် ဆိုင်မှာအသုတ်လာစားသေးတယ်!!"
"အလုပ်ကအဆင်ပြေပါတယ် အန်တီ!!အန်တီဦးဆီလဲထိပ်ထားတို့လာလည်ဖြစ်မှာပါ...အခုက အလုပ်ပြန်ရဦးမယ်လေ!!"
"အေးပါကွယ်!!စားနေကျအတိုင်းပဲမှတ်လား!!"
"ဟုတ်ကဲ့အန်တီ!!"
အသုတ်ဆိုင်က အန်တီက အရင်ထိပ်ထားတို့ငှားနေခဲ့တဲ့ အဆောင်ပိုင်ရှင်အန်တီဦးအကြောင်းပြောပြလေသည်
အန်တီဦးက အပျိုကြီးဆိုပေမဲ့ သဘောကောင်းသလို ဇီဇာလဲမကြောင်တတ်...
ထိပ်ထားတို့ကိုလဲအရမ်းဂရုစိုက်တတ်သည်...
ထိပ်ထားတို့အန်တီဦးဆီကပြောင်းလာရတာ စိတ်မကောင်းပေမဲ့ ထိပ်ထားတို့မပြောင်းလို့လဲမဖြစ်ပေ...
KAMU SEDANG MEMBACA
မောင့်သခင်မ နေခြည်ထိပ်ထား(Complete)(Unicode)
Romansaဇီးကုန်းသာရွာကပဲပြုတ်သည်သား "ဖိုးတော်"ဆိုတဲ့ကောင်လေးတစ်ယောက်က သူတို့ရွာကိုအလည်လာတဲ့ အခြေကြီးပြီးဝုဏ်သတင်းမွှေးတဲ့ "နေခြည်ထိပ်ထား"ဆိုတဲ့ ကောင်မလေးကိုချစ်မိသောအခါ.....