"မောင့်သခင်မ နေခြည်ထိပ်ထား♡"
Part (14)
---------------
---------------"ဗွမ်း!!!!"
ချက်ချင်းဆိုသလို သူရေထဲ ထိုးဆင်းချလိုက်ကာ ရေအောက်ထဲရေငုံ့ကာ ထိပ်ထားကို အသဲအသန်ရှာကြည့်လိုက်သည်
တစ်ပတ်ကို၂ခါလောက်ရေကူးနေကျကိုယ့်စံအိမ်ရေကူးကန်မို့ သူထိပ်ထားကိုရှာရတာသိပ်မကြာလိုက်ပါ...
တွေ့ပါပြီ...
ရေအောက်ကြမ်းပြင်မှာ မျက်လုံးတွေမှိတ်ကျနေကာ မလှုပ်မယှက်ဖြစ်နေတဲ့ 'နေခြည်ထိပ်ထား'သူထိပ်ထားကိုယ်လေးကိုဆွဲပွေ့ပြီး ရေပေါ်ကိုပြန်တက်လာခဲ့သည်
"ဝုန်း!!!"
သူ ထိပ်ထားကို ခါးကနေမကာ သူ့ပခုံးပေါ်တင်လိုက်ပြီး လက်တစ်ဖက်နဲ့ သူမကိုယ်လုံးလေးကို ထိန်းထားလိုက်သည်
နေခြည်ထိပ်ထားကိုပခုံးပေါ်တင်ကာ ရေပေါ်ပြန်တက်လာတဲ့အရှင့်ကို ရဲကျော်လက်ကမ်းပေးလိုက်မိသည်
သို့ပေမဲ့
မဟာတော်ဝင်ကတော့
ရဲကျော်လက်ကိုပြန်မကိုင်ပဲ ရေကန်ရဲ့လက်တန်းတွေကနေတစ်ဆင့်သာ ကန်ဘောင်ပေါ်တက်လာခဲ့သည်"ထိပ်ထား!!!ထိပ်ထား!!!"
သူထိပ်ထားကိုခေါ်နေပေမဲ့
နှုတ်ခမ်းတွေဖြူလျော့ကာ သတိမေ့နေတဲ့ထိပ်ထားကတော့ ငြိမ်သက်နေဆဲပင်....ရှေးဦးသူနာပြုနည်းကိုအသုံးပြုကာ
သူမရဲ့နှုတ်ခမ်းတွေနဲ့သူ့နှုတ်ခမ်းတွေကိုထိစပ်လိုက်လေတော့သည်သိပ်မကြာမီပင်
"အဟွတ်!!!အဟွတ်!!!"
ပါးစပ်ကနေရေတွေပြန်ထွက်လာကာ ထိပ်ထားသတိရလာခဲ့သည်
"မင်း အဆင်ပြေရဲ့လား!!"
ထိပ်ထားကို ကိုင်ထားတဲ့သူ့လက်တွေကိုတွန်းဖယ်လိုက်ကာ
■အော်....
ခုနကကျလူတစ်ယောက်လုံးကိုရေထဲတွန်းချပြီးသတ်တော့ အခုကျတော့ မင်းအဆင်ပြေရဲ့လားတဲ့"ကျွန်မ မသေသေးပါဘူး အရှင်
ကျွန်မကိုသွားခွင့်ပြုပါဦး!!!"သူဘာမှပြန်မပြောနိုင်ခင်မှာပဲ ထိပ်ထားသူ့အနားကနေထွက်လာခဲ့သည်
YOU ARE READING
မောင့်သခင်မ နေခြည်ထိပ်ထား(Complete)(Unicode)
Romanceဇီးကုန်းသာရွာကပဲပြုတ်သည်သား "ဖိုးတော်"ဆိုတဲ့ကောင်လေးတစ်ယောက်က သူတို့ရွာကိုအလည်လာတဲ့ အခြေကြီးပြီးဝုဏ်သတင်းမွှေးတဲ့ "နေခြည်ထိပ်ထား"ဆိုတဲ့ ကောင်မလေးကိုချစ်မိသောအခါ.....