"မောင့်သခင်မ နေခြည်ထိပ်ထား♡"
Part (5)
-------------
-------------
တပေါင်းလပြည့်နေ့ဒီနေ့ကတော့ ရွာဦးစေတီထီးတင်ပွဲ သိမ်ကျောင်းရေစက်ချပွဲနဲ့ ရှင်ပြုပွဲပင်.....
●သူကြီး ●
●ဦးချမ်းသာ●
●ဖြားဇာ●
တို့အလှူရှင်၃ယောက်ပေါင်းစုစည်းကာ ထိုအလှူပွဲကြီးကိုခြိမ့်ခြိမ့်သဲ ကျင်းပကြသည်အစကတော့ သူတို့သူငယ်ချင်း၃ယောက်လဲ ကိုရင်ဝတ်ဖို့ပဲ....
ထိပ်ထားကိုမြင်ပြီးတော့မှ သူ့စိတ်တွေသူထိန်းမရတော့ အခုချိန်သူကိုရင်ဝတ်လဲ တရားရမည့်ပုံမပေါ်...
သူကိုရင်မဝတ်တော့ ဟိုငနဲသား၂ကောင်လဲမဝတ်ကြပေ........ဦးကောင်းမြတ်နဲ့ထိပ်ထားပြဿနာဖြစ်တဲ့နေ့ကနေစပြီး ထိပ်ထားအိမ်ထဲမှာပဲ အမြဲမနေတော့ ညနေ၃နာရီလောက်ဆို ဝိုင်းထဲက ပန်းခြံထဲမှာဆင်းထိုင်နေတတ်သည်
ထိပ်ထားညနေ၃နာရီ ပန်းခြံထဲရောက်ပြီဆိုတာနဲ့
ဖိုးတော်ကတော့ ကိုသာတိဝိုင်းက မန်ကျည်းပင်ပေါ် ၂နာရီကျော်ထဲကရောက်နေပြီးသားပင်....ထိုရက်အတွင်း သူနဲ့မန်ကျည်းပင်သာ ရည်းစားဖြစ်နိုင်ချေရှိသွားပေမဲ့
ထိပ်ထားကတော့ သူ့ကိုသိတောင်မသိပေ...မနေ့ကအလုပ်အကိုင်နေ့က ထိပ်ထားလာမည်ထင်၍ သူ ရွာဦးကျောင်းမှာအလုပ်ဝိုင်းလုပ်ပေးရင်း ကျောင်းမုခ်ဦးကိုထကြည့်ရတာအမော
"မျှော်သာမျှော် ပေါ်မလာသော" ထိပ်ထားကိုတော့ သူအရိပ်အယောင်မျှမတွေ့....ဒီနေ့ကတော့အလှူနေ့မို့လို့ ထိပ်ထားမဖြစ်မနေလာရမည်မဟုတ်လား....
ဘာလို့ဆို အလှူရှင်က ထိပ်ထားအဖွား ဖွားဇာ မဟုတ်လား!!!!ဒီနေ့တော့ သူ အမေတနေ့ကသွားဝယ်ပေးထားတဲ့ အနက်ရောင်ပုဆိုးလေးကို အပေါ်ကနေ လည်ကတုံးအင်္ကျီအဖြူလက်ရှည်လေးနဲ့တွဲဝတ်ကာ ဆံပင်ကိုလဲဆီလိမ်းပြီးသေသေသပ်သပ်ဖီးလိုက်သည်
"အဟင်း"
သူ့ကိုသူ မှန်နဲ့ပြန်ကြည့်ပြီးပြုံးလိုက်သည်က ဒီနေ့ထိပ်ထားလာရင် သူက ထိပ်ထားမျက်လုံးထဲရုပ်ထွက်လှနေဖို့လိုသည်မဟုတ်လား....
YOU ARE READING
မောင့်သခင်မ နေခြည်ထိပ်ထား(Complete)(Unicode)
Romanceဇီးကုန်းသာရွာကပဲပြုတ်သည်သား "ဖိုးတော်"ဆိုတဲ့ကောင်လေးတစ်ယောက်က သူတို့ရွာကိုအလည်လာတဲ့ အခြေကြီးပြီးဝုဏ်သတင်းမွှေးတဲ့ "နေခြည်ထိပ်ထား"ဆိုတဲ့ ကောင်မလေးကိုချစ်မိသောအခါ.....