Part(21)

5.9K 160 0
                                    

"မောင့်သခင်မ နေခြည်ထိပ်ထား♡"

Part(21)
--------------
--------------

ဒီနေ့တော့
ထိပ်ထား အဆောင်ရှေ့မှာထိုင်နေမိသည်
ဘာကြောင့်မှန်းမသိပေမဲ့
ဒီနေ့မနက်ထဲကသူ့ကိုထိပ်ထားတွေ့ချင်နေမိသည်....

"မမထား အေးတယ်လေ!!အဆောင်ထဲဝင်နေပါလား မိုးတွေကလဲရွာထားတော့ မမ ချော်လဲနေဦးမယ်!!"

"ရတယ် ပပ!!မမ ခနလောက်ပဲထိုင်ချင်လို့!!ပပ သွားလုပ်စရာရှိတာ သွားလုပ်လေ!!ဒီနားမှာကိုယ်ရံတော်တွေလဲရှိတာပဲ!!မမ တစ်ယောက်ထဲနေချင်လို့!!ခနနေ မမပြန်ဝင်လာခဲ့မယ်"

"ဟုတ်ကဲ့ မမ!!အာ့ဆို သမီး အခန်းသန့်ရှင်းရေး သွားလုပ်လိုက်ဦးမယ်နော်"

ထိပ်ထားခေါင်းငြိမ့်ပြလိုက်သည်နှင့် ပပ အဆောင်ထဲပြန်ဝင်သွားလေသည်

■သူထိပ်ထားကိုလာမတွေ့တာ ၂ပတ်လောက်ရှိနေပြီဖြစ်သည်
အရင်ကတော့ သူအလုပ်ကပြန်လာတိုင်း နေ့တိုင်းလိုလို သူထိပ်ထားဆီအမြဲလာသည်
အခုတော့ သူ ထိပ်ထားဆီမလာတော့...
အရင်က သူ ထိပ်ထားအနားလာရင် စိတ်ရှုပ်မိပေမဲ့ အခုလိုကျတော့လဲ ထိပ်ထားနေရတာ စိတ်ထဲသိပ်အဆင်ပြေပါ...

သူ့ဆီသွားရအောင်လဲ
ပင်မစံအိမ်မှာ အစေခံတွေကလွဲရင် ဘယ်သူကမှ ထိပ်ထားကိုမကြည်ဖြူကြပေ...

■ကလေးအကြောင်းပြောလိုက်သင့်လား???
ပြောလိုက်ရင်ရော ဘာတွေဆက်ဖြစ်နိုင်လဲ??
ကလေးကိုသူလိုချင်ပါ့မလား??
မယ်တော်ကြီးကရော ဒီကလေးရှိတာသိသွားရင် ထိပ်ထား ကလေးလေးကိုသတ်ပစ်ရင်ရော!!
မုဒြာကလဲ ထိပ်ထားကလေးလေးကိုအလွှတ်ပေးမှာမဟုတ်လောက်ဘူး!!

■အော်....
ကိုယ်ကိုယ်တိုင်ကသူများအငယ်အနှောင်းဖြစ်နေတော့လဲ တရားဝင်မဲ့သူ့မိန်းမရန်ကိုကြောက်နေရတာပေါ့လေ...

တကယ်လို့ သူနဲ့ထိပ်ထားသာလက်ထပ်ထားခဲ့ရင် သူ့မှာသာ လက်ထပ်မဲ့သူမရှိခဲ့ရင်
ထိပ်ထားသာ သူ့ရဲ့အငယ်အနှောင်းမဟုတ်ခဲ့ရင်
ဒီအချိန် ဒီနေရာမှာ ဒီကလေးလေးရှိနေကြောင်းကို ထိပ်ထားဝမ်းသာအားရပြောမိမည်ထင်သည်

ထိပ်ထား ပင်မစံအိမ်ဘက်ကိုကြည့်နေတုန်းမှာပဲ တွေ့လိုက်ရသည်က
သူ့လက်ကိုချိတ်ကာ စံအိမ်ကနေထွက်လာသည်က မုဒြာ...

မောင့်သခင်မ နေခြည်ထိပ်ထား(Complete)(Unicode)Where stories live. Discover now