Part(8)

4.1K 150 1
                                    

"မောင့်သခင်မ နေခြည်ထိပ်ထား♡"

Part (8)
-------------
-------------

ရေတွေရွှဲလျက်ရွာလမ်းတိုင်းလမ်းလျှောက်လာတဲ့ဖိုးတော်ကိုတွေ့လိုက်သည်မို့
ညိုနွဲ့ အံ့ဩသွားရသည်
သင်္ကြန်အကြိုနေ့ဆိုရွာမှာရေသိပ်မပက်ကြပါ....
နှစ်စဉ်နှစ်တိုင်း ဖိုးတော်ကိုပထမဆုံးရေလောင်းတဲ့သူက သူမ မဟုတ်လား

"ဖိုးတော်!!!"

သူလမ်းလျှောက်ရင်းအိမ်ပြန်နေတုန်း ခေါ်သံကြောင့် သူကြည့်မိတော့ ငွေဖလားလေးကိုင်လျက်သူ့အရှေ့မှာမတ်တပ်ရပ်နေသူက ညိုနွဲ့

"အော်!!!ညိုနွဲ့ ဘာပြောမို့လဲ!!!"

"နင်ဘယ်လိုလုပ်ရေတွေစိုလာတာလဲ!!လမ်းမှာကလေးတွေလဲရေမဆော့ကြသေးပါဘူး"

"အော်!!ဒါလား!!!ဖွားဇာအိမ်သွားရင်းနဲ့ ထိပ်ထားရေလောင်းလိုက်တာ!!!"

"ဘယ်လို!!!"

"အင်း!!!နင်ဘာပြောမို့လဲ"

သူ့အပြောကြောင့် ညိုနွဲ့မျက်နှာပျက်သွားတာ သူသိပေမဲ့ သူတမင်ပြောလိုက်ခြင်းမို့ စိတ်မကောင်းတော့မဖြစ်မိ....

ညိုနွဲ့ကလှသလို စိတ်ထားလဲကောင်းသည်
သို့ပေမဲ့ သူ ညိုနွဲ့ကိုဘယ်လိုမှပြန်မကြိုက်နိုင်သည်မို့ အပြတ်ပြောလိုက်ခြင်းသာ...

အရင်နှစ်တွေကလဲ သူ့ကိုရေအရင်လာလောင်းသူကညိုနွဲ့ဆိုပေမဲ့ အမှန်တိုင်းပြောရရင် သူလုံးဝသဘောမကျပါ...

■ငါနင့်ကိုမချစ်နိုင်တာမို့လို့
ငါနဲ့ကင်းအောင်နေပေးပါ ညိုနွဲ့...
ငါ့စကားကြောင့်နင်ခံစားသွားရရင်လဲ ငါမတတ်နိုင်ဘူးလေ...
ငါမှနင့်ကိုမချစ်နိုင်တာ!!

ဖိုးတော် စကားကြောင့် သူမရင်ထဲနင့်နေအောင်ခံစားလိုက်ရသည်....
ဖိုးတော်ကိုရေလောင်းသူက "နေခြည်ထိပ်ထား"တဲ့လား

■ငါနင့်ကိုချစ်နေခဲ့တာလေ....
ဘာလို့လဲ...
ဘာလို့အဲ့မိန်းမ ရေလောင်းတာခံလိုက်ရတာလဲ...
နှစ်တိုင်းငါရေလောင်းနေကျကို....
နင် ဘာမှမဖြစ်သလို နေနိုင်ရတာလဲ..
ငါကမိန်းကလေးပါဖိုးတော်ရယ်...
မိန်းကလေးဆိုတဲ့စည်းနဲ့ ငါနင့်ကိုဖွင့်ပြောလို့မရလို့နေနေရတာ ဖိုးတော်ရဲ့...

မောင့်သခင်မ နေခြည်ထိပ်ထား(Complete)(Unicode)Where stories live. Discover now