"မောင့်သခင်မ နေခြည်ထိပ်ထား♡"
Part (7)
"ဟျောင့်တွေ...ရပ်လိုက်ကြစမ်း!!!"
သူတို့နောက်ကနေ ရုတ်တရက်အော်သံကြောင့် သူတို့တွေလှည့်ကြည့်လိုက်ရာ လေးလေးကြွက်ကူ ဖွားဇာဝိုင်းစောင့်ဦးကျော်နဲ့ အရီးမယ်တင်တို့၃ယောက်ကသူတို့နောက်မှာရပ်လျက်ဖြစ်သည်
"မင်းတို့တွေညကြီးမိုးချုပ် အချိန်မတော်မှ သူများဝိုင်းရှေ့မှာအော်ကြီးဟစ်ကျယ်ရန်ဖြစ်ရသလားကွ!!!အထူးသဖြင့် ဖိုးတော် မင်းကအားလုံးထက်ပိုသိသင့်တယ်မှတ်လား!!"
"ကျုပ်တောင်းပန်ပါတယ် လေးလေး!!နောက်မဖြစ်စေရပါဘူး"
ဖိုးတော်က လေးလေးတို့နဲ့အရင်းနှီးဆုံးဖြစ်နေသော ဖိုးတော်ကပိုအဆူခံလိုက်ရသည်...
"မင်းတို့တွေပြန်ကြတော့!!!ဖိုးတော် နေခဲ့!!!"
"ဟုတ်ကဲ့ လေးလေး!!!"
ပြည်လုံးချမ်းသာတို့အဖွဲ့ကိုပြန်လွှတ်လိုက်ပေမဲ့ ဖိုးတော်တို့၃ယောက်က နေခဲ့ရသည်
ဦးကျော်နဲ့ အရီးတင်လဲ အိမ်ထဲပြန်ဝင်သွားကြတော့ ဝိုင်းရှေ့က အပင်အောက်မှာ လေးလေးကြွက်ကူနဲ့ သူတို့၃ယောက်သာရှိနေတော့သည်...
"မင်း ထိပ်ထားကိုကြိုက်နေတာလား ဖိုးတော်!!"
"ဗျာ!!!"
လေးလေးစကားကြောင့်သူအံ့ဩသွားရသည် တခြားရွယ်တူဆို သူပြန်ဖြေရမှာပြဿနာမရှိပေမဲ့
အခုမေးနေသူက လေးလေးကြွက်ကူ မဟုတ်လား..."ဟုတ်!!!ဟုတ်ပါတယ် လေးလေး!!"
သူ့အဖြေကြောင့် လေးလေးကခေါင်းတစ်ငြိမ့်ကာ
"မင်းအရွယ်က စိတ်ကစားတတ်တဲ့အရွယ်ဆိုတာ လေးလေး သိပါတယ်...ဒါပေမဲ့ မင်း စိတ်ကစားတဲ့သူက နေခြည်ထိပ်ထားဖြစ်မနေသင့်ဘူး ဖိုးတော်"
"ဗျာ!!!"
လေးလေးကြွက်ကူစကားက သူ့ကိုပိုမိုအံ့ဩစေသည်...
ဘယ်လို!!! သူ့ဘဝမှာသူပထမဆုံးအနေနဲ့ချစ်မိတဲ့သူက နေခြည်ထိပ်ထား မဖြစ်သင့်ဘူးတဲ့လား???
ဘာလို့လဲ!!!"ထိပ်ထားလေးက မင်းတို့သိထားတာထက် ပိုနားလည်ရခက်တဲ့ မိန်းကလေးပဲ ဖိုးတော်!!!အခုဆို ထိပ်ထားကအသက်၁၉နှစ်ရှိနေပြီ!!ထိပ်ထား ဒီအရွယ်ထိချစ်သူရည်းစားလဲမထားသလို သူကအငြိုးကြီးတဲ့မိန်းကလေးမျိုးပဲ!!!မင်း စိတ်ကစားနေတာမို့လို့ ထိပ်ထား ရွာမှာရှိနေတဲ့အတော်အတွင်းမှာ ထိပ်ထားကိုစိတ်အနှောင့်အယှက်မပေးစေချင်ဘူးဖိုးတော်...ဖြစ်နိုင်ရင် အခုလိုတွေဖြစ်နေတဲ့ မင်းရဲ့စိတ်နဲ့ခံစားချက်တွေကိုရပ်စေချင်တယ်...လေးလေးကမင်းခံစားရမှာဆိုးလို့ပြောတာပါ"
YOU ARE READING
မောင့်သခင်မ နေခြည်ထိပ်ထား(Complete)(Unicode)
Romanceဇီးကုန်းသာရွာကပဲပြုတ်သည်သား "ဖိုးတော်"ဆိုတဲ့ကောင်လေးတစ်ယောက်က သူတို့ရွာကိုအလည်လာတဲ့ အခြေကြီးပြီးဝုဏ်သတင်းမွှေးတဲ့ "နေခြည်ထိပ်ထား"ဆိုတဲ့ ကောင်မလေးကိုချစ်မိသောအခါ.....