"မောင့်သခင်မ နေခြည်ထိပ်ထား♡"
Part (10)
--------------
--------------ငတင်နဲ့ငမှိုင်းပြန်သွားသည်အထိ သူဒေါသတွေမပြေသေး
သူ ထိပ်ထားကိုနမ်းလိုက်တယ်ဆိုတာကလဲ တကယ်ချစ်ဖို့ကောင်းလွန်းလို့ သူစိတ်မထိန်းနိုင်ပဲ နမ်းမိခြင်းသာ...
လွန်လွန်ကျွံကျွံတွေအထိ သူ စိတ်ထဲမရှိ...
အမေကတော့ ဖွားဇာအိမ်ထဲကထွက်လာထဲကငိုလာတာ အခုသတင်းကြောင့် ပိုငိုနေလေသည်...မနက်ဖြန်လဲ သူတို့သားအမိ အိမ်ကနေ ဖယ်ပေးရဦးမည်မို့ အမေကအထုတ်တွေသိမ်းကာ ငိုယိုနေလေသည်
သူလဲဘာလုပ်လို့ ဘာလုပ်ရမှန်းမသိ....
အခုလို အမေငိုနေရတဲ့အကြောင်းရဲ့ အဓိကတရားခံက သူကိုယ်တိုင်မဟုတ်ပါလား■ကျုပ်တောင်းပန်ပါတယ် အမေရယ်...
ကျုပ်မကောင်းခဲ့လို့ပါ အမေ
ကျုပ်အမေ့စကားကိုနားမထောင်ခဲ့လို့....
ကျုပ်ကြောင့် အမေအခုလိုငိုနေရတာသူ အမေနဲ့အတူ အဝတ်ထုတ်တွေရော ပစ္စည်းတချို့ပါဝိုင်းသိမ်းနေရသည်
ဆင်းရဲသား သားအမိ၂ယောက်မို့ ပစ္စည်းတွေက များများစားစားမရှိ...
မကြာလိုက်ပါ ပစ္စည်းအားလုံးသိမ်းဆည်းပြီးသည်နှင့် အမေ မျက်ရည်တွေကိုသုတ်ကာ ပုဆိုးဟောင်းလေးခေါင်းပေါင်းပြီး အိမ်ကနေထွက်သွားလေသည်...
သူ့ကိုတော့စကားတစ်ခွန်းမှမပြောတော့ပေ....
သူလဲဘာလုပ်ရမယ်မှန်းမသိတော့...
ခုနက ဖွားဇာ အိမ်မှာသာ သူစိတ်တိုပြီးပြောချလိုက်ပေမဲ့ တကယ်တမ်းတော့ သူဘာဆိုဘာမှမလုပ်တတ်....အခုတော့ အရာရာက အမေ့ခေါင်းပေါ်ရောက်သွားလေပြီ...
💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦
ညတွင်းချင်းသူတို့ပြောင်းချလာရသည်က အရီးတင်ရီ ရဲ့ ပဲခင်းထဲက တဲကိုပင်.....
ညနေက အမေအိမ်ပြန်လာကာ အထုတ်တွေကိုသယ်သလို သူလဲအမေနဲ့အတူအထုတ်တွေဝိုင်းသယ်ပြး အမေ့နောက်လိုက်လာတော့ အရီးတင်ရီ ရဲ့ပဲခင်းထဲက တဲဖြစ်နေသည်...
သူတို့သားအမိ ပစ္စည်းတွေရွှေ့တော့ ရွာထဲကလူတွေက ထွက်ကြည့်ကြသလို မျက်နှာတွေကရော မျက်လုံးတွေကပါ သူတို့သားအမိကိုရွံရှာကြသလိုပင်...
![](https://img.wattpad.com/cover/313768008-288-k262234.jpg)
STAI LEGGENDO
မောင့်သခင်မ နေခြည်ထိပ်ထား(Complete)(Unicode)
Storie d'amoreဇီးကုန်းသာရွာကပဲပြုတ်သည်သား "ဖိုးတော်"ဆိုတဲ့ကောင်လေးတစ်ယောက်က သူတို့ရွာကိုအလည်လာတဲ့ အခြေကြီးပြီးဝုဏ်သတင်းမွှေးတဲ့ "နေခြည်ထိပ်ထား"ဆိုတဲ့ ကောင်မလေးကိုချစ်မိသောအခါ.....