Part(20)

5.8K 168 0
                                    

"မောင့်သခင်မ နေခြည်ထိပ်ထား♡"

Part (20)
---------------
---------------

အထူးခန်းထဲရောက်နေတဲ့ ဖေဖေ့ကိုကြည့်ပြီး ထိပ်ထားမျက်ရည်ပင်မဆယ်နိုင်တော့ပါ....

ထိပ်ထားမှတ်မိပါသေးသည်
ထိပ်ထားတို့စီးပွားရေးယိုယွင်းခဲ့သည့်နှစ်မှစ၍ ဖေဖေ စိတ်လေကာ အရက်တွေအလွန်အကျွံသောက်လာခဲ့သည်....

ထိပ်ထားအလုပ်ထွက်လုပ်တော့ ဖေဖေအရင်ကလောက်အရက်မသောက်တော့ပေမဲ့ အရက်စွဲကာ အရက်ဖြတ်မရတော့....

■အသဲကင်ဆာက ဖြစ်နေတာကြာနေပြီတဲ့....
ပင်ပင်ပန်းပန်းနဲ့အလုပ်တွေလုပ်နေတဲ့ ထိပ်ထားကိုသနားလို့ ထုတ်မပြောပဲ ဆေးမြီးတိုတွေနဲ့ကုသနေခဲ့တာတဲ့လေ.....

■အဖေတစ်ခု သမီးတစ်ခုဘဝနဲ့ရပ်တည်ခဲ့ရတဲ့ ထိပ်ထားတို့သားအဖဘဝကဘတွေကြောင့်များအခုလိုဆိုးရွားသွားခဲ့ရတာလဲ...

"ကျွန်မ အမှားတွေ!! ကျွန်မ မကောင်းခဲ့လို့ !!ကျွန်မဖေဖေ့ကို သေချာဂရုမစိုက်နိုင်ခဲ့လိူ့!!ကျွန်မမကောင်းခဲ့တာ !!ကိုယ့်အဖေတစ်ယောက်လုံးဒီလောက်ထိဖြစ်နေတာတောင်ကျွန်မ မသိခဲ့တာကျွန်မ သမီးမိုက်မို့လို့!!!အဟင့်!!အဟင့်!!"

"မင်း အမှားမဟုတ်ဘူးလေ!!အရမ်းမငိုပါနဲ့ !!"

သူ့အရှေ့မှာ
ရှိုက်ကြီးတငင်ငိုနေတဲ့ ထိပ်ထားကိုကြည့်ပြီး သူတကယ်စိတ်မကောင်းနိုင်တော့ပါ....

"မင်းအဖေ အဆင်ပြေသွားမှာပါ!!"

"အဟင့်!!အဟင့်!!"

💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦

ဖေဖေဆေးရုံတက်နေရတဲ့အချိန်ကာလက ၂ပတ်အထိရောက်နေလေပြီဖြစ်သည်
အခုချိန်ဆို စံအိမ်ကလူတွေလဲဖေဖေ့အကြောင်းကိုသိပြီးလောက်ပြီထင်သည်

သူတို့သိတာ မသိတာကိုထိပ်ထားဂရုမစိုက်ပါ
အခုချိန်မှာ ဖေဖေ့ကျန်းမာရေးလောက်ဘာဆိုဘာကမှ အရေးမကြီးပါ....

အခုဆို ဒေါ်လေးလဲ ဖေဖေ့အနားမှာအမြဲလူနာစောင့်ဖြစ်နေသလို
ထိပ်ထားလဲစံအိမ်ကိုလုံးဝမပြန်ဖြစ်တော့ပါ

သူကတော့ အလုပ်ရဲ့အရေးကြီးတဲ့အစည်းအဝေးတွေသာ သွားတတ်ပြီး အမြဲလိုလို ဆေးရုံမှာလာနေပေးသည်

မောင့်သခင်မ နေခြည်ထိပ်ထား(Complete)(Unicode)Onde histórias criam vida. Descubra agora