Part(9)

4.1K 146 0
                                    

"မောင့်သခင်မ နေခြည်ထိပ်ထား♡"

Part (9)
-------------
-------------

ဒီနေ့တော့ ဖိုးတော် အမေနဲ့အတူ ဖွားဇာအိမ်ကိုထပ်ရောက်လာပြန်သည်

ဖွားဇာလယ်စာရင်းကိစ္စပြောမလို့အမေ့ကိုခေါ်သည်ဆို၍ပင်....

ဖိုးတော် အမေနဲ့အတူ ဖွားဇာအိမ်ထဲခြေချမိသည်နှင့် ဧည့်ခန်းထဲမှာ ထိုင်နေကြသည်က စပါးပွဲစားများနှင့် အဖွားဇာ...
စပါးပွဲစားတွေဆိုသည်မှာလဲ
ရွာခံပွဲစားတွေလဲပါသလို မြို့ကပွဲစားတချို့လဲပါသည်

"အရီး ကျုပ်ရောက်ပြီ"

"အေး မိကြွယ် ဒီမှာလာထိုင်!!!ကြွက်ကူရေ "

"ဗျာ!!အရီး"

"ဖိုးတော်လေးကို ခေါ်သွားပြီး တစ်ခုခုကျွေးထားလိုက်ပါဦး"

"ဟုတ်ကဲ့ပါ အရီး!!!လာ ဖိုးတော် လေးလေးနောက်လိုက်ခဲ့"

သူလဲ လေးလေးခေါ်တဲ့နောက်လိုက်ချလိုက်သည်...
တကယ်လဲ အမေတို့ပြောတဲ့စပါးကိစ္စ ပဲကိစ္စတွေက သူလဲတစ်စွန်းတစ်စမှသိသည်မဟုတ်ပေ...
မသိတာတွေ ထိုင်နားထောင်မဲ့အတူတူ လေးလေးကြွက်ကူနောက်လိုက်သွားတာက ပိုအဆင်ပြေသည်မဟုတ်လား

"ဖိုးတော် ထမင်းစားခန်းထဲ သွားလိုက် အထဲမှာ မယ်တင်ရှိတယ်!!!လေးလေး အပေါ်ထပ်ကစာကြည့်ခန်းထဲမှာ စာအုပ်တွေသွားရှင်းမလို့"

"ဟာ!!အာ့ဆို ကျုပ်လဲဝိုင်းလုပ်ပေးမယ်လေ!!!
ကျုပ်ဘာမှမစားချင်ဘူး..အိမ်ကလဲထမင်းစားလာတယ်!!!"

သူတကယ် ထမင်းစားခန်းထဲမသွားချင်ပါ...
ယောက်ျားလေးတစ်ယောက်ထဲ ထမင်းစားခန်းထဲဘာသွားလုပ်ရမှာလဲ...
ခုနက လိုက်လာတယ်ဆိုတာကလဲ လေးလေးရှိနေလို့လေ

"အေးလေ!!!အာ့ဆိုလဲ လာ!!လေးလေးနောက်လိုက်ခဲ့"

ဦးကြွက်ကူ ဦးဆောင်မှုနဲ့ သူ လှေကားထစ်တွေအတိုင်းဆက်လာပြီး  လေးလေးပြောတဲ့ စာကြည့်ခန်းဆိုတဲ့ အခန်းထဲဝင်လာလိုက်သည်...

စာကြည့်ခန်းထဲဝင်ဝင်ချင်းမှာပင်

"အာ!!!ငါကတော့ မေ့ပြန်ပြီ!!"

လေးလေးကြွက်ကူရဲ့ရုတ်တရက်ထပြောလာတဲ့စကားကြောင့် သူလဲအံ့ဩသွားရသည်ကအမှန်

မောင့်သခင်မ နေခြည်ထိပ်ထား(Complete)(Unicode)Où les histoires vivent. Découvrez maintenant