"မောင့်သခင်မ နေခြည်ထိပ်ထား♡"
Part (13)
---------------
---------------တော်ဝင်မဟာ ဆိုတဲ့ သူ့ကို ထိပ်ထား စိတ်ထဲကနေ ပါးချနေမိတာ ဘယ်နှကြိမ်မှန်းတောင်မသိတော့
"အရှင် ခိုင်းရင်တခြားဟာခိုင်းပါ အခုလို အောက်ကျတဲ့အလုပ်တော့ကျွန်မ မလုပ်ပေးနိုင်ပါဘူး အရှင်!!"
"Awwအဲ့လိုလား!!ကျုပ်ကမင်းဒီလိုအလုပ်တွေကျွမ်းတယ်ထင်လို့!!"
■သူ ထိပ်ထားကိုဘာသဘောနဲ့ဒီလိူစကားမျိုးပြောရတာလဲ???
တဏှာရူး...
ဒီနေ့ ရှင့်အစေခံလုပ်တာပထမဆုံးနဲ့နောက်ဆုံးပဲ"ကျွန်မကိုသွားခွင့်ပြုပါ အရှင်!!"
ထိပ်ထားလက်ကိုဆွဲထားတဲ့သူ့လက်ကိုခါချလိုက်ပြီး
ပခုံးပေါ်က သဘက်ကို ဘေးကတန်းပေါ်တင်လိုက်သည်
ထိပ်ထား အပြင်ထွက်မို့လုပ်တော့"ကျုပ်ကိုအင်္ကျီဝတ်ပေးပြီးမှထွက်!!"
■လက်ပြတ်နေလို့လား!!
အင်္ကျီတောင်သူ့ဘာသာမဝတ်နိုင်ဘူးလား!!
အပြုအမူက၂နှစ်ကလေးပုံစံနဲ့ တဏှာရူး!!ထိပ်ထား တော်ဝင်မဟာကို စိတ်ထဲကနေအကြီးအကျယ်ကျိန်ဆဲပြီးသည်နှင့်
"အရှင့်အတွက် အင်္ကျီဝတ်ပေးဖို့က ကျွန်မ အတွက်အဆင်မပြေနိုင်ဘူးထင်တယ် အရှင်!!!"
"၂ခုထဲက၁ခုရွေး!!"
"ရှင်!!"
တော်ဝင်မဟာ စကားကြောင့် ထိပ်ထားအံ့ဩသွားရသည်
"ပထမအလုပ်လား ဒုတိယအလုပ်လား!!!ကြိုက်တာရွေး"
■ဒီပုံစံအတိုင်းသာဆို ထိပ်ထား အပြင်ထွက်ရမည်မထင်
ဘာမှမဝတ်ထားတဲ့သူ့ကိုယ်ကြီးကိုချေးတွန်းပေးရမှာထက်
အင်္ကျီဝတ်ပေးလိုက်တာက ပိုအဆင်ပြေမည်ထင်သည်"ကျွန်မ အဝတ်လဲခန်းထဲမှာစောင့်နေပါ့မယ် အရှင်!!!"
ထိုမျှသာပြောပြီး ထိပ်ထား ရေချိုးခန်းထဲကနေအလျင်အမြန်ထွက်လာလိုက်သည်
■ကျုပ်ပေးမဲ့lessonတွေကိုခံနိုင်ရည်ရှိအောင်ကြိုးစားထားသင့်တယ်!!!
💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦
ထိပ်ထား အရှင့်အတွက် အင်္ကျီအမဲလက်ရှည်နဲ့ စတိုင်အမဲခြေရှည်တစ်ထည်ထုတ်ပြီးစောင့်နေလိုက်သည်
أنت تقرأ
မောင့်သခင်မ နေခြည်ထိပ်ထား(Complete)(Unicode)
عاطفيةဇီးကုန်းသာရွာကပဲပြုတ်သည်သား "ဖိုးတော်"ဆိုတဲ့ကောင်လေးတစ်ယောက်က သူတို့ရွာကိုအလည်လာတဲ့ အခြေကြီးပြီးဝုဏ်သတင်းမွှေးတဲ့ "နေခြည်ထိပ်ထား"ဆိုတဲ့ ကောင်မလေးကိုချစ်မိသောအခါ.....