"မောင့်သခင်မ နေခြည်ထိပ်ထား♡"
Part (4)
-------------
-------------ဒီနေ့ဆို ထိပ်ထားသူတို့ရွာရောက်နေတာ ၃ရက်ရှိနေလေပြီ....
လာလာချင်းနေ့ကလွဲရင် ကျန်တဲ့နေ့တွေမှာ သူ တစ်နေ့မှ သူမလေးကိုမတွေ့ရသေး....
ရွာထဲလဲမလာသလို ထီးတင်တဲ့ ရွာဦးစေတီကိုလဲမလာပေ....
သူမလေးရောက်လာပြီးနေ့ထဲက ၃ရက်လုံးလုံး အရီးဇာ ဝိုင်းနဲ့ကပ်ရပ်ဖြစ်တဲ့ ကာလသားခေါင်း ကိုသာတိ ဝိုင်းကိုသူချောင်းပေါက်မတက်ရောက်ဖြစ်ခဲ့သည်
အကြောင်းကတော့ ကိုသာတိဝိုင်းထဲက မန်ကျည်းပင်ပေါ်တက်ကြည့်လျှင် အရီးဇာရဲ့ဝိုင်းကိုသေသေချာချာတွေ့ရကာ ၂ထပ်ကျွန်းအိမ်ကြီးကိုလဲ သူရှင်းရှင်းလင်းလင်းမြင်ရသောကြောင့်ပင်....
သူ့မှာထိပ်ထားကိုပေါ်တင်မချောင်းရဲလို့ ကိုသာတိဝိုင်းက မန်ကျည်းပင်ပေါ်တက်ကာ အမောသကောချောင်းခဲ့ရပေမဲ့ ထိပ်ထားကိုတော့အရိပ်အယောင်မျှမတွေ့....
ဒါလဲကောင်းပါတယ်...
ဘာလို့ဆို အခုလိုထိပ်ထားရွာထဲမလာပဲ အိမ်တွင်းပုန်းနေခြင်းကိုက သူ့အတွက် ပိုစိတ်ချရစေသည်ဘာလို့ဆို အခုအနေအထားအရ
ထိပ်ထားကို ပိုးပန်းမဲ့သူကသူကလွဲရင် ဘယ်သူမှ မရှိ...
သူထိပ်ထားကိုလွတ်လွတ်လပ်လပ်နဲ့ စိတ်ချစွာချစ်နိုင်သည်■မင်းကိုလာကြိုက်တဲ့အကောင်ရှိလာရင်လဲ
အဲ့အကောင်က ကျုပ်ရန်သူပဲ ထိပ်ထား!!!!■တွေ့ချင်လိုက်တာ ထိပ်ထားရာ...
တစ်နေ့တစ်နေ့ထိပ်ထားကိုပဲတွေ့ချင်နေတဲ့သူ့ရောဂါက နေမြင့်လေအရူးရင့်လေပင်ငတင်နဲ့ငမှိုင်းတောင် အခုဆို သူ့ကိုလက်လျော့ထားကြလေတော့သည်
သူ့ဘဝက ထိပ်ထားနဲ့တွေ့မှ လူဘဝကနေ မန်ကျည်းပင်ပေါ်ခေါက်တုံ့ခေါက်ပြန်တက်လိုက်ဆင်းလိုက်လုပ်နေသည့် မျောက်ဘဝသို့ နေ့ချင်းညချင်းကူးပြောင်းသွားလေသည်မဟုတ်လား
■ကျုပ်က မင်းအတွက်ဆို မျောက်ဖြစ်ရလဲ နောင်ဘဝအဆက်ဆက်ထိ မျောက်ဖြစ်ခံနိုင်တယ် ဆိုတာ မင်းသိရဲ့လား ထိပ်ထား
YOU ARE READING
မောင့်သခင်မ နေခြည်ထိပ်ထား(Complete)(Unicode)
Romanceဇီးကုန်းသာရွာကပဲပြုတ်သည်သား "ဖိုးတော်"ဆိုတဲ့ကောင်လေးတစ်ယောက်က သူတို့ရွာကိုအလည်လာတဲ့ အခြေကြီးပြီးဝုဏ်သတင်းမွှေးတဲ့ "နေခြည်ထိပ်ထား"ဆိုတဲ့ ကောင်မလေးကိုချစ်မိသောအခါ.....