Part(22)

5.9K 161 0
                                    

"မောင့်သခင်မ နေခြည်ထိပ်ထား"

Part (22)
---------------
---------------

"ကျွန်မ ဘာသာခြေချော်ကျတာ"
ဆိုတဲ့
ထိပ်ထားစကားကိုသူမယုံပါ....

■ဒါပေမဲ့လဲ
ထိပ်ထားကိုယ်တိုင်ပြောလာသည်မို့ သူဘာမှစောဒက မတက်ဖြစ်တော့....

■အခုဆို ထိပ်ထားလဲဆေးရုံကဆင်းကာ မြောက်နန်းအဆောင်မှာသာပြန်နေလေသည်
အမှန်တိုင်းပြောပါဆိုရင်သူ ထိပ်ထားကိုနည်းနည်းလေးမှစိတ်မချပါ....

သူ့ကြောင့်သာ ထိပ်ထားကိုလက်ခံထားကြပေမဲ့
အဆင့်အတန်းခွဲခြားလွန်းတဲ့မယ်တော်ကြီးက ထိပ်ထားကိုနည်းနည်းလေးမှ မကြည်ဖြူမှန်းသူသိသည်...

■မင်း ဒီလိုတွေသာဖြစ်နေရင်
မောင်မဖြစ်မနေ လုပ်ရမဲ့အလုပ်တွေကို ဘယ်လိုလုပ်စိတ်ဖြောင့်ဖြောင့်နဲ့လုပ်နိုင်ပါ့မလဲ

💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦

ပန်းဥယျာဉ်ကအပန်းဖြေအဆောင်လေးမှာထိုင်ရင်း ထိပ်ထားချည်ထိုင်ထိုးနေမိသည်

ထိပ်ထားဆီမှာ ကလေးလေးရှိမှန်းစသိလာထဲက ထိပ်ထား ချည်ထိုးခြင်းကိုစတင်ခဲ့ခြင်းဖြစ်သည်

အခုဆို ထိပ်ထားရဲ့သေတ္တာလေးထဲမှာ
ခြေအိတ်သေးသေးလေးတွေ
လက်အိတ်သေးသေးလေးတွေ
အနွေးထည်သေးသေးလေးတွေပါ
တော်တော်လေးရှိနေပြီဖြစ်သည်

■အခု ထိပ်ထားလက်ထဲမှာရှိနေသည်က အမဲရောင်အစလေးတစ်ခုပါ!!
ထိုအမဲရောင်အစလေးကတော့...

"မမထား !!မမထား!!"

အဆောင်ထဲအပြေးအလွှားဝင်လာတဲ့ပပကြောင့် 

"အင်း ပြောလေ ပပ!!"

"ဟိုလေ!!ဟို!!"

"ပြောပါ!!"

ပပစကားကိုနားစွင့်နေသလို
လက်ထဲက အချောင်းလေး၂ချောင်းကိုတဖြည်းဖြည်းလှုပ်ရှားကာ အမဲရောင်အစလေးကိုသာ
ထိပ်ထား တယုတယချည်ထိုးနေမိသည်

"အရှင် !!အရှင်နောက်၃ရက်အတွင်း ကြင်ယာတော်ကိုသွားတောင်းရမ်းတော့မယ်တဲ့!!"

ပပ စကားကြောင့် ချည်ထိုးနေတဲ့ထိပ်ထားလက်တွေချက်ချင်းဆိုသလိုရပ်တန့်သွားရလေသည်

မောင့်သခင်မ နေခြည်ထိပ်ထား(Complete)(Unicode)Où les histoires vivent. Découvrez maintenant