"မောင့်သခင်မ နေခြည်ထိပ်ထား♡"
Part (18)
---------------
---------------"အရှင် အဆင်ပြေရဲ့လား!!"
ဘေးနားကအစေခံတွေစကားကြောင့် မှန်ထဲကသူ့ပုံစံကို သူသေချာပြန်ကြည့်လိုက်သည်
ရွှေရောင်နန်းတွင်းဝတ်စုံက သူ့ကိုတော်ဝင်အရှင်တစ်ပါးရဲ့သွင်ပြင်ကိုပိုမိုထင်ဟပ်စေသည်မဟုတ်လား"ထိပ်ထား ရော!!"
"သခင်မ ဘေးအခန်းမှာပြင်ဆင်နေပါတယ် အရှင်!!နောက်မိနစ်၃၀ဆို အောက်ကိုဆင်းရတော့မှာပါ အနွယ်တော်တွေနဲ့ စီးပွားရေးရှင်တွေ ရောက်နေကြပါပြီ!!
"မယ်တော်ကြီးရော!!"
"မယ်တော်ကြီးကတော့ အောက်ထပ်မှာပါ!!အရှင်!!"
သူ ထိုင်ခုံပေါ်ကနေ အခန်းတွင်း ပလ္လင်ပေါ်မှာနေရာပြောင်းကာထိုင်ကာ အချိန်တချို့ကို စောင့်နေလိုက်သည်
အစေခံတွေကတော့ အလိုက်သိစွာ သူ့အခန်းထဲကနေထွက်သွားကြလေသည်
💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦
ပလ္လင်ပေါ်ထိုင်နေရင်း အတွေးတွေက နေ့ရက်တစ်ခုဆီသို့...
ကိုယ်လုပ်တော် အပ်နှင်းပွဲ ကျင်းပရက်နီးလာပြီမို့ တော်ဝင်မဟာတစ်ယောက် ထိပ်ထားရှိရာနန်းဆောင်သို့ ရောက်လာခဲ့သည်
အကြောင်းကတော့...
"မင်းရဲ့ပွဲမှာ မင်း အဖေနဲ့မင်းအဒေါ်ကို မခေါ်ဘူးဆို!!!"
"အဟက်!!"
ထိပ်ထားအခန်းထဲ ခပ်တည်တည်ဝင်လာပြီးပြောလိုက်တဲ့
သူ့စကားကြောင့်
ထိပ်ထား ရီချလိုက်သည်"ကျွန်မက သူများမယားငယ်လုပ်နေပါတယ်ဆိုတာကို ဖေဖေနဲ့အဒေါ့်ကိုခေါ်ပြောပြီး
ကျွန်မဖေဖေကိုသေအောင်လုပ်ရမှာလား!!""ထိပ်ထား!!"
"နေစမ်းပါ!!ကျွန်မကဒီနေရာရတာကိုဂုဏ်ယူနေတယ်လို့ အရှင်ထင်နေတဲ့ပုံပဲ!!အဲ့လိုထင်နေရင်တော့ အရှင့်ဦးနှောက်ကိုပြန်စစ်ဆေးသင့်ပြီထင်တယ်!!"
"မင်းကလေ တကယ်စေတနာနဲ့မတန်တဲ့မိန်းမပဲ!!ကျုပ်ကတော့ဦးနှောက်ကောင်းတယ်!!မင်းကတော့ ဝဋ်ကြွေးခံနေတာ!!"
YOU ARE READING
မောင့်သခင်မ နေခြည်ထိပ်ထား(Complete)(Unicode)
Romanceဇီးကုန်းသာရွာကပဲပြုတ်သည်သား "ဖိုးတော်"ဆိုတဲ့ကောင်လေးတစ်ယောက်က သူတို့ရွာကိုအလည်လာတဲ့ အခြေကြီးပြီးဝုဏ်သတင်းမွှေးတဲ့ "နေခြည်ထိပ်ထား"ဆိုတဲ့ ကောင်မလေးကိုချစ်မိသောအခါ.....