"မောင့်သခင်မ နေခြည်ထိပ်ထား♡"
Part (24)
---------------
---------------ဒေါ်မယ်တင်တစ်ယောက် ထိပ်ထားလက်လေးကိုကိုင်ကာ ရွာလမ်းတစ်လျှောက် လမ်းလျှောက်လာခဲ့လေသည်...
အရင်ကလို ဖျက်လပ်တက်ကြွတဲ့ပုံစံလေးပျောက်ဆုံးကာ
ပိန်ချပ်ချပ်ခန္ဓာကိုယ်နဲ့ ဗိုက်ကလေး နဲနဲထွက်နေပြီဖြစ်တဲ့ ထိပ်ထားရဲ့ပုံစံကိုကြည့်ပြီး ဒေါ်မယ်တင် တကယ်စိတ်မချမ်းသာရပါ...ကိုယ်ဝမ်းနဲ့လွယ်ပြီးမွေးထားတဲ့သမီးမဟုတ်ပေမဲ့
ထိပ်ထားလေးက သူ့အတွက်တော့သမီးအရင်းလိုပင်...
ထိပ်ထားကိုသူတို့မောင်နှမနှစ်ယောက်လုံးဘယ်လောက်ပဲချော့မော့မေးပါစေ အခုချိန်ထိ ထိပ်ထားရဲ့ဗိုက်ထဲက ကလေးအဖေကိုမသိခဲ့ရပါ...■သမီးလေးရဲ့ဒီပုံစံကိုသာ
သွားလေသူအရီးနဲ့ သူဠေးသာမြင်သွားခဲ့ရင် ရင်ကျိုးရချည်ရဲ့...ထိပ်ထားလေးက ငယ်ငယ်လေးရွှေပေါ်မြတင်ထားသလို ဖူးဖူးမှုတ်အချစ်ခံခဲ့ရသည့်သူဠေးသမီးလေးမဟုတ်ပါလား...
အခုတော့😔....■ဘယ်လိုအခက်အခဲတွေများကြုံတွေ့ခဲ့ရတာလဲ သမီးလေးရယ်???
💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦
ဒီနေ့လဲ တွေ့ခဲ့ရတဲ့ သူမမျက်နှာလေးကိုသာ သော ပြန်မြင်ယောင်နေမိသည်
လူကသာဆေးခန်းမှာထိုင်နေပေမဲ့
စိတ်တွေက ရွာမြောက်ပိုင်းကိုသာရောက်နေသည်ကို ကိုယ့်ကိုယ်သာအသိဆုံးပင်...."ဆရာ!!လူနာလာပါတယ်!!"
"အထဲလွှတ်လိုက်ပါ!!"
သူနာပြုဆရာမလေး စကားကြောင့်ပြန့်လွင့်နေတဲ့သူ့စိတ်တွေကိုသူကိုယ်တိုင်ပြန်စုစည်းလိုက်ရသည်
"ဆရာလေး!!"
ခေါ်သံကြောင့်သူလှည့်ကြည့်လိုက်တော့ အရီးမယ်တင်နဲ့အတူ သူ့ရဲ့နတ်သမီးလေး
"ဟင်!!ထိပ်ထား!!"
"ဆရာလေးက သမီးလေးနဲ့သိနေတာလား!!"
"ဗျာ!!ဟုတ်ကဲ့ ဟိုနေ့က ကျွန်တော်တို့ဆေးသွားယူတဲ့ကားနဲ့ ထိပ်ထားက လိုက်လာတာလေ!!"
ESTÁS LEYENDO
မောင့်သခင်မ နေခြည်ထိပ်ထား(Complete)(Unicode)
Romanceဇီးကုန်းသာရွာကပဲပြုတ်သည်သား "ဖိုးတော်"ဆိုတဲ့ကောင်လေးတစ်ယောက်က သူတို့ရွာကိုအလည်လာတဲ့ အခြေကြီးပြီးဝုဏ်သတင်းမွှေးတဲ့ "နေခြည်ထိပ်ထား"ဆိုတဲ့ ကောင်မလေးကိုချစ်မိသောအခါ.....