Part(15)

5.1K 156 0
                                    

"မောင့်သခင်မ နေခြည်ထိပ်ထား♡"

Part (15)
---------------
---------------

စီစီ စုံစမ်းပေးတဲ့ ဟိုမိန်းမ အကြောင်းကြောင့် မုဒြာ ကိုကို့ကိုစိတ်ပူလာရသည်

အဲ့မိန်းမကို ကိုကိုကိုယ်တိုင်ခန့်ထားတဲ့အပြင်
ကိုကို့အခန်းထဲကိုလဲ အဲ့မိန်းမကဝင်ခွင့်ရထားသည်ဆိုပဲ..

လက်စသတ်တော့
ငါခိုင်းတာကိုငြင်းထားပြီး
အိမ်တော်ထိန်းက သူ့တူမကို ကိုကို့အနားအတင်းထိုးထည့်ချင်လို့ကိုး...


မုဒြာအကြောင်းကောင်းကောင်းသိစေရမယ်!!!!
အစေခံမကများရုပ်လေးဗန်းပြပြီး ကိုကို့အနားလာကပ်ချင်သေးတယ်ပေါ့လေ!!!

■■■■■■■■■■■■■■■■■■■■■■■■■■

အခုလဲ အရှင်က ကော်ဖီသောက်ချင်တယ် ဆို၍ထိပ်ထား စားဖိုဆောင်မှာ ကော်ဖီလာဖျော်ခြင်းဖြစ်သည်

အခုတလော အရှင်ကစံအိမ်မှာသာအနေများသည်
ဘာကြောင့်လဲဆိုတာတော့ ထိပ်ထားလဲမသိပါ...
သူစံအိမ်မှာရှိပြီဆို ဖိနပ်ချွတ်တာရော အဝတ်အစားဝတ်ပေးရတာတွေအပြင် သူ့အနားအမြဲနေရကာ ခိုင်းတာအကုန်လုပ်ပေးရသည်

■ထိပ်ထားကိုဘဝပေါင်းများစွာ ထားခဲ့တဲ့အငြိုးတွေနဲ့နှိပ်ဆက်နေသလားတောင်မှတ်ရတယ်...
အခုလဲထိပ်ထား အရှင့်ကိုcoffeeဖျော်ပေးရတာ၃ခါရှိပြီ...

■ချိုလွန်းတယ်
ခါးလွန်းတယ် ပြန်ပြင်ပေးဆိုတာကပါသေးသည်

ဒါပေမဲ့
ဟိုတစ်ခါ ထိပ်ထားကိုရေကူးကန်ထဲတွန်းချပြီးထဲ အရှင် ထိပ်ထားကို ကိုယ်ထိလက်ရောက်လုပ်တာမျိုးတွေတော့ မရှိတော့ပါ...

"မမ!!!"

ခေါ်သံကြောင့် ထိပ်ထားကြည့်မိတော့ မောင်အိန်

"ကျွန်တော် မမကိုတောင်းပန်ပါတယ်!!"

"ဘာအတွက်လဲ ကလေး!!"

"ဟိုတစ်နေ့က ကျွန်တော့်ကြောင့် မမ ရေကူးကန်ထဲတွန်းချခံလိုက်ရတဲ့အတွက်လေ ကျွန်တော် မမကိုတောင်းပန်ပါတယ်!!ကျွန်တော်မမကိုအားနာလို့ မတွေ့အောင်ရှောင်နေမိတာပါ..."

မောင်အိန်ပြောမှ ထိပ်ထားသတိရတော့သည်
ဟုတ်တယ်...
အမြဲလိုလို
'မမ  မမနဲ့' ထိပ်ထားအနားကပ်နေတတ်ပေမဲ့
ထိုနေ့ပြဿနာဖြစ်ပြီးထဲက မောင်အိန်သိသိသာသာကြီး ထိပ်ထားကိူရှောင်သွားတတ်သည်

မောင့်သခင်မ နေခြည်ထိပ်ထား(Complete)(Unicode)Where stories live. Discover now