#Unicode
#part17ခုတော့ ကျွန်တော်နဲ့ကိုကို ရန်ကုန်-မန္တလေး အမြန်ကားလမ်းပေါ်ကို ရောက်နေတာ။မန္တလေးကနေမှတဆင့်တောင်ကြီးကိုသွားမယ်။
ဒီခရီးစဥ်မှာတော့ အာဏာရော ကိုကိုရော ဘယ်သူမှ ကားမမောင်းဘူး ဟို ဝမ်းမနာသားလေး ပိုင်စိုးခန့်ကို ခေါ်ခိုင်းတယ်လေနော် ။အဲ့နွားလဲ တောင်ကြီးပြန်မယ်ဆိုလို့ခေါ်လာခဲ့တာပါ။"ကိုကိုရေ ကျွန်တော်ခေါင်းတွေမူးလိုက်တာ"
"ဟင် ဘာလို့ခေါင်းမူး မနက်က မင်းမနက်စာ မစားခဲ့ဘူးလား "
" အင်းလေ ကိုကိုကလဲ မနက်4နာရီထသွားတာ ကျွန်တော်ဘယ်ချိန်ထစားရမှာလဲ"
"ကျစ်*မင်းကတော့ ဆင်ခြေကြည့်ဘဲ"
ပြောပြောဆိုဆိုဘဲ ကားခုံ အနောက်မှာ တင်ထားတဲ့ ကျောပိုးအိတ်ထဲက ကိတ်မုန့်နဲ့ အခြားမုန့်ထုတ်တွေ ထုတ်ပေးလိုက်တယ်
"ကိုကို ဒီမုန့်က ဘယ်လိုဖောက်ရမှာလဲ"
လေးထောင့်ပုံစံကိတ်မုန့်ထုတ်ကို ကိုင်ပြီးမေးလာတဲ့အာဏာ သူထိုသို့မေးလိုက်တော့ ရှေ့မှာကားမောင်းနေတဲ့ ပိုင်စိုးခန့်က လှည့်ကြည့်လာတယ်
"ဟိုကောင် ဘာကြည့်နာလဲ ကိုယ့်ဘာကို ရှေ့ကြည့်ပြီးမောင်း အသက်ကအပိုပါတာ မဟုတ်ဖူး"
"မင်းမြတ်အာဏာ မင်းက နာမည်နဲ့လိုက်အောင်
အာဏာပြလွန်းတဲ့ကောင်ဘဲ စောက်ပိုတွေသိပ်မလုပ်နဲ့ အဲ့မုန့်ထုတ်မှမဖောက်တက်ရင် မစားနဲ့
ခွေးသူတောင်းစား""ဟာ ဒီကောင်"
"တော်စမ်း အာဏာ ငါစိတ်တွေရှုပ်လာပီ
ဘာလို့ အဲ့လောက်ထိရန်ဖြစ်ချင်နေရတာလဲ""ကိုကိုကလဲအဲ့လို မဟုတ်ပါဘူး ကျွန်တော်က"
"ကိုကိုကလဲတွေ ညီညီကလဲတွေ လုပ်မနေနဲ့ တော်တန်တိတ် ပါးစပ်ပိတ်ထားစမ်း"
"ဟုတ်ကဲ့ပါ ကိုကို"
ကားမောင်းနေတဲ့ ပိုင်စိုးခန့်ရဲ့ လင်ကြောက်ကောင်
ခွေးသူတောင်းစားဆိုတဲ့ဆဲသံလေးတွေ ဆူညံလို့သွားတယ်############
မန္တလေးကိုရောက်တော့ သူတို့လဲ တောင်ကြီးကို တန်းမသွားဘဲ မန္တလေးဟိုတယ်တစ်ခုမှ ဝင်နားဖို့ အခန်းငှားလိုက်တယ်။ပိုင်စိုးခန့်က တစ်ခန်း
ကိုကိုနဲ့ အာဏာက တစ်ခန်း အခန်းနှစ်ခန်းယူပြီးနောက် မိမိအခန်းသို့ ကိုယ်စီကိုယ်စီ ဝင်လိုက်ကြတယ်
YOU ARE READING
ရင်ခုန်သံတွေနားဆင်လျက်ပါ...မောင်[completed]
Romanceရင်ခုန်သံတွေနားဆင်လျက်ပါ မောင်... ကြားရလားကိုကို မောင့်ရင်ခုန်သံတွေ.... အင်းကြားရတယ် ဒုတ် ဒုတ် ဒုတ် ဒုတ်နဲ့..... ဒါဆိုရင်တော့ ကိုကို နားဆရာဝန်ပြသင့်ပြီ ဟင် ဘာလို့လဲကွ မောင့်ရင်ခုန်သံတွေက ပြောနေတယ် ကိုကို့ကို ချစ်တယ်တဲ့💗💗💗 ရင္ခုန္သံေတြနားဆင္လ်က္ပါ...