Part..32

2.6K 99 1
                                    


ရင်ခုန်သံတွေ နားဆင်လျက်ပါ..မောင်..

#Part..32
#Unicode💫💓

"နင်တို့ ကြိုက်သလိုလုပ်..အဓိက က ဒီကောင်. ဘဝ သုံးစားလို့မရအောင်ထိ ပျက်စီးသွားစေဖို့ဘဲ ဟား..ဟား"

နားထဲသို့ ဝင်လာသော စကားသံတို့မှာ ကြားတစ်ချက်မကြားတစ်ချက်...
ခွန်း အမြင်အာရုံတွေ ဝေဝါးနေပြီး ခေါင်းတွင်လဲ တစ်ဆစ်ဆစ် ကိုက်လို့နေသည်။

သတိမမေ့ခင်က အဖြစ်အပျက်တွေကို စဥ်းစားမိတော့ ရုတ်တရပ် ခေါင်းနဘန်းကြီးသွားရသည်။ခွန်း..ခွန်း ဘယ်ကို ရောက်နေတာလဲ....

ဝါးတားတား အမြင်အာရုံကို မျက်တောင် တဖြတ်ဖြတ် ခတ်၍ ကြည်လင်လာစေရန် ကြိုးစားမိသည်။ ခွန်း၏ လက်တွေ ခြေတွေသည် မည်သို့မျှ ရုန်းကန်၍ မရနိုင်အောင်..ခိုင်မာသော ကြိုးများဖြင့် တင်းကျပ်စွာ ချည်နှောင်ထားခြင်းကို ခံနေရသည်..။

မျက်တောင်ခတ်လိုက်ခြင်း အမှုက အနည်းငယ်တော့ အဆင်ပြေလာစေသည်။ ခွန်း၏ ရှေ့တွင် ခွန်းကို ကျောပေးကာ မတ်တပ်ရပ်နေကြသော လူလေးယောက်ခန့်ကို မြင်လိုက်ရသည်။

တိတိကျကျပြောရမည် ဆိုပါလျှင် အမျိုးသမီး တစ်ဦးနှင့် အမျိုးသား သုံးဦးခန့်။

ဟင်...ခင်မဒီ...

*နင်တို့ ကြိုက်သလိုလုပ်..အဓိက က ဒီကောင်. ဘဝ သုံးစားလို့မရအောင်ထိ ပျက်စီးသွားစေဖို့ဘဲ*

ဒီမိန်းမ ဘာတွေ လုပ်ဖို့ ကြံစည်နေတာလဲ...
ပထမကတော့ ခွန်း ဆက်ပြီး သတိမေ့ချင်ယောင် ဟန်ဆောင်နေပေမဲ့လဲ ခုတော့ ဆက်ပြီး ဟန်မဆောင်နိုင်တော့ပါပေ။

သည်းမခံနိုင်တဲ့အဆုံးမှာ ခွန်းလဲ ရှေ့မှ ကောက်ကျစ်စဥ်းလဲသော မျက်နှာနှင့် ရယ်နေပါသော ခင်မဒီအား..ကျယ်လောင်စွာ အော်ပြောလိုက်လေသည်။ ခွန်းမှာ ဒေါသထွက်လွန်း၍ အသံများမှာပင် တုန်ရီနေချေပြီ။

"မင်း ဘာတွေ ကြံစည်နေပြန်တာလဲ ခင်မဒီ.."

*..ဖြောင်း..ဖြောင်း...ဖြောင်း..*

လက်ခုပ်တီးသံက ဆိတ်ငြိမ်နေမှု့ကို ဖြိုခွဲလိုက်သည်။

"Bravo... ခွန်းရောင်စဉ် ထင်ထားတာထက်ပိုပြီး စောစော သတိရလာတာဘဲ..အဟွန်း ပျော်စရာပေါ့"

ရင်ခုန်သံတွေနားဆင်လျက်ပါ...မောင်[completed]Where stories live. Discover now