Thingyan Extra (1)

2.4K 81 2
                                    

#Unicode

"ပဲပြုတ် ဟော့ဒီက ပဲပြုတ်ပူပူလေးရမယ် ပဲပြုတ်"ဟူသော နံနက်ခင်း တေးသံသာမှာ အရုဏ်ဦးချိန်ဝယ် နွေးထွေးသော နေရောင်ခြည်နှင့်အတူ ခွန်းရောင်စဉ်၏ နားစည်သို့ ရိုက်ခတ်လာခဲ့ပါသည်။

ရာသီတို့အလီလီကူးပြောင်းပြီးနောက် ယခု အချိန်တွင်တော့ မြန်မာတို့၏နှစ်သစ်ကူး အတာသကြ်န်ရေသဘင်ပွဲတော်အား ဆင်နွှဲရန်အချိန်ပင် ရောက်ခဲ့ပြီ ဖြစ်ပါသည်။

အတာသ​ကြ်န်ဟူသည် မြန်မာလူမျိုးတို့၏ထူးမြတ်သည့် ပွဲတော်၊လှပသည့်ရိုးရာဓလေ့နှင့်ယဥ်ကျေးသည့်အမူအကျင့်တို့အား ဖွင့်ထုတ်ပြနိုင်သည့် အကောင်းမွန်ဆုံးသော ရိုးရာပွဲတော်တစ်ခုလည်း ဖြစ်ပါသည်။

"မောင်၊မောင်ရေ ထတော့ကွာ ဉပုဒ်ကျောင်းသွားကြမယ်ဆို"

"အွန်း...ကိုကို ငါးမိနစ်"

သူ့ကို နိုးသည်အား ထမလာဘဲ ခွန်းကိုပင် ခါးဖက်လို့ အိပ်ရာထဲဆွဲချကာ ပြန်အိပ်ရန်ပြင်နေသော မောင့်ကြောင့် ခွန်းနှုတ်ခမ်းတို့ထက် အပြုံးတို့ ဖြစ်တည်လာရပြန်ပါသည်။မောင်ဟာလေ ဘွဲ့ရပြီးသည်အထိကို ကလေးဆန်နေဆဲဘဲ။

ဟုတ်သည်..ခွန်းတို့လက်ထပ်ပြီးနောက်ပိုင်း မောင့်ကို တက္ကသိုလ်ဆက်တက်စေခဲ့သည်။ယခုအချိန်တွင်တော့ မောင်သည် စီးပွားစီမံ ဘွဲ့တစ်ခုရခဲ့ပြီး ဖေဖေဦးမင်းမြတ်ဟန်၏လုပ်ငန်းအားလုံးကို ဆက်ခံယူနိုင်သည့် ရင်ကျက်တည်ငြိမ်သော CEO ပေါက်စ ဖြစ်နေခဲ့ပြီဖြစ်သည်။​

မောင်သည် လုပ်ငန်းခွင်တွင် မည်မျှပင်ရင့်ကျက်သည်ဆိုဆို ခွန်းရှေ့သို့ရောက်လာလျှင်တော့ ကလေးလေးတစ်ယောက်လို ချွဲတတ်သည်။ကြောင်ပေါက်လေးတစ်ကောင်လို ရင်ခွင်တွင်း တိုးဝှေ့ဝင်တတ်ပြီး လုပ်ငန်းခွင်တွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာတို့ကို တစ်တွတ်တွတ် ပြန်ပြောပြတတ်ပါသေးသည်။

ဒါတွေက ထားတော့..လက်ရှိအခြေအနေကို ပြောပြရဦးမည်။ခွန်းတို့ ယခု ရောက်ရှိနေသည်က အမရပူရမြို့ ဖြစ်သည်။မန္တလေးနှင့်အနီးကပ်ဆုံးမြို့လေး​ဖြစ်ပြီး အထင်ကရ ဦးပိန်တံတား ​ကြီးရှိရာ မြို့လေးလည်းဖြစ်သည်။

ရင်ခုန်သံတွေနားဆင်လျက်ပါ...မောင်[completed]Where stories live. Discover now