Part..35

2.9K 112 3
                                    

ရင်ခုန်သံတွေ နားဆင်လျက်ပါ..မောင်Part35

#Part..35
#Uni&Zawgyi💫🍓

အာဏာ ကားကို ဒုန်းစိုင်းမောင်းလာမိသည်။
အနောက်မှာ တားနေကြတယ် ဖေဖေနဲ့ ဘွားကို လျစ်လျူရှုရင်း...ပထမအကြိမ် ဘွား ကို လျစ်လျူမရှုနိုင်လို့ ကျွန်တော် အချစ်နဲ့ဝေးရပြီးပါပြီ။နောက်တစ်ကြိမ် ထပ်မဝေးနိုင်တော့ဘူး ဘွား။

မှန်သလား မှားသလား မဆုံးဖြတ်ချင်တော့ပေမဲ့ ဒီကရှေ့လျှောက် ကျွန်တော် ရွေးချယ်သမျှ လမ်းတိုင်းဟာ ကျွန်တော့် အချစ်ရဲ့လက်ကို ရဲရဲ ဆုပ်ကိုင်နိုင်ဖို့ဘဲ ဖြစ်ပါလိမ့်မယ်။

စိုးရိမ်ပူပန်မှု့ကြောင့် မောင်းလာတဲ့ကားဟာလည်း ဘယ်လိုမှ အရှိန်ထိန်းမရတော့ချေ။မီးပွိုင့်တွေလဲ ဖြတ်မောင်းမိကုန်တယ်။အခုလောလောဆယ်မှာ အရေးကြီးတာက အချစ်လေး ဘေးကင်းဖို့ပါဘဲလေ။ဘာမှအရေးမကြီးတော့ဘူး...အချစ်ရယ် ဒီကကောင်ရဲ့အသက်တောင် မင်းလောက်အရေးမပါတော့ဘူး။

မီးပွိုင့်တွေလဲ ဖြတ်မောင်းမိသလို..မောင်းသမျှလမ်းတွေကလဲ လမ်းပြောင်းပြန်တွေသာ ဖြစ်တာမို့ ဘေးချင်းကပ် ကားတွေမှ ကားသမားများ၏ အော်ဆဲသံကိုလဲ ခဏခဏ ကြားရသည်။

ဘယ်လိုတောင် မောင်းလာမိသလဲ မသိ။ပုံမှန်ဆို နားနားပြီး မောင်းရင် တစ်ရက်လောက်ကြာမယ့်ခရီးက ပုံမှန်ထက် အချိန်တစ်ဝက်လောက်စောပြီး ရန်ကုန်မြို့မှ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်ကို မြင်တွေ့လိုက်ရတယ်။

ရန်ကုန်မြို့ထဲကို ဝင်လာပြီဆိုပေမဲ့ ရင်ဘက်ထဲက အပူတွေက လျော့ကျမသွားသေးပေ။ကိုကိုသာ သူ့(အာဏာ)ကြောင့် တစ်ခုခုဖြစ်သွားခဲ့ရင်ဆိုတဲ့ အတွေးတို့က တဝဲလည်လည်။

နားထဲမှာ ပြန်ပြီး ကြားယောင်မိတာက အခုနက ဖုန်းပြောစဥ်အကြောင်းအရာတွေ

"ဟုတ်ကဲ့..ခွန်းရောင်စဉ် ရဲ့သက်ဆိုင်သူလားဗျ"

ခွန်းရောင်စဥ်ဆိုတဲ့အသံကိုကြားလိုက်တာနဲ့
ရင်ဘက်ထဲကို အလွမ်းတွေက အလုံးအရင်းနဲ့ဝင်ရောက်လာတယ်။လွမ်းတယ် အချစ်ရယ်..

"ဟုတ်တယ် ခွန်းရောင်စဉ် ရဲ့အချစ်ရဆုံး အမြတ်နိုးရဆုံး သက်ဆိုင်သူက ကျုပ်ဘဲ ခင်ဗျားက ဘယ်သူလဲ ဘယ်လိုလုပ်ပြီး ကျုပ်ကို သိတာလဲ ဖုန်းနံပါတ်ကရော ဘယ်ကရတာလဲ ကိုကို့နဲ့ရော ဘယ်လိုပက်သက်တာလဲကိုကိုကရော...."

ရင်ခုန်သံတွေနားဆင်လျက်ပါ...မောင်[completed]Where stories live. Discover now