Part...33

2.9K 111 4
                                    

ရင်ခုန်သံတွေ နားဆင်လျက်ပါ.မောင် Part33

#Part..33
#Uni&Zawgyi💫💓

"ကိုကို!!"

"ငါ×ိုး..ဒီခွေးသူတောင်းစားကတော့"

*ဝုန်း...ခွပ်..ခွပ်...*

တံခါးကို စဖွင့်လိုက်ခြင်းမှာဘဲ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အာဏာ့ ဒေါသတို့ အစိုးမရတော့ပေ။ကိုကို့ ခန္ဓာကိုယ်ကို ထိတွေ့နေတဲ့ အဲ့ဒီမျိုးမစစ်ကောင်ကို ဆွဲဆောင့် တွန်းပစ်လိုက်ပြီး လက်သီးဖြင့် နှစ်ချက်ဆင့်ကာ ထိုးပစ်လိုက်သည်။

အထိုးခံလိုက်ရသူမှာ အားပြင်းသော လက်သီးအရှိန်ကြောင့် ခေတ္တမျှ မူးဝေသွားရသည်။

"ဟေ့ကောင်တွေ ဘာကြောင်ကြည့်နေတာလဲ ချကြ"

ရုတ်တရပ်ဆန်ဆန်ဖြစ်ပေါ်သွားသော အခြေအနေတွင် လူဆိုးကောင်တွေသည်လဲ အထိုးခံလိုက်ရသော ခေါင်းဆောင်ကိုကြည့်ကာ ဘာလုပ်ရမည် မသိဘဲ ကြောင်ငေးနေကြသည်။ပြီးမှ သတ်ပြန်ဝင်လာပြီး အာဏာ့ကို ပြန်တိုက်ခိုက်ရန် ဝိုင်းလိုက်ကြသည်။

*..ခွပ်..ခွပ်...ဝုန်း..ဝုန်း..ဒုန်း..*

သုံးယောက်နှင့်တစ်ယောက်တိုက်ခိုက်နေသည့် တိုက်ပွဲမှာ ပြင်းထန်လွန်းသဖြင့် ဂိုဒေါင်ထဲတွင် ရှိသမျှသော ပစ္စည်းတို့ ကျိုးပဲ့စုတ်ပြတ်ကုန်ရသည်။

တော်ပါသေးသည်။အာဏာ ၁၀တန်းနှစ်က လိုရမယ်ရ တိုက်ကွမ်ဒိုနဲ့ဂျူဒို ကစားနည်းတွေ သင်ထားမိသည်။မိနစ်ပေါင်း သုံးဆယ် နီးပါး ကုန်လွန်ပြီးသည့်အခါ သိုင်းသင်တန်းများတွင် ခါးပတ်နက်ရရှိထားသော အာဏာက ဟိုလူဆိုးသုံးကောင်ကို လှဲသိပ်နိုင်လိုက်သည်။

ကြမ်းပြင်တွင် ဒဏ်ရာဗရပွ သွေးအလိမ်းလိမ်းနှင့် ပိုးလိုပက်လက်လဲနေသူတွေကို ကျော်ခွလို့ အာဏာ ကိုကို့ဆီ အမြန်ပြေးကာ ချည်နှောင်ထားသော ကြိုးများအား အမြန်ဖြတ်တောက်ပစ်ရသည်။

ဆောင်ထားနေကြ ဓားမြောင်ငယ်ပါလာလို့သာ အဆင်ပြေသွားရသည်။မဟုတ်လျှင် ထိုကြိုးတို့မှာ အလွယ်တကူ ဖြည်၍ မရပါပေ။

ကြိုးဖြည်ပြီးလျှင် ပြီးချင်း ကိုကိုက အာဏာ့ခါးတို့ကို တင်းကျပ်စွာ ဖက်လာပြီး ရှိုက်ကြီးတငင်ငိုပါတော့သည်။အာဏာ ကိုကို့မျက်ရည်တို့ကို လက်တစ်ဖက်ဖြင့် ခပ်ဖွဖွ သုတ်ပေးမိပြီး နဖူးတို့ကို ကြင်နာယုယစွာ နမ်းရှိုက်မိသည်။

ရင်ခုန်သံတွေနားဆင်လျက်ပါ...မောင်[completed]Where stories live. Discover now