Part...29

2.8K 105 4
                                    

ရင်ခုန်သံတွေ နားဆင်လျက်ပါ မောင်....
Part 29
#Unicode💫🌸
#Part..29

"ဧည့်သည် လာနေသည်"ဟူသော ဒယ်ဒီရဲ့ ခေါ်သံကြောင့် အောက်ကို ဆင်းလာခဲ့ရာမှ မြင်လိုက်ရသူတို့ကြောင့် ခွန်း အံသြသွားရတယ်။

"သား လာ ဧည့်ခံပါအုံး"

"ဟုတ် ဒယ်ဒီ"

ခွန်းကိုပြောပြီးမှ ဦးသက်တံရောင် ဧည့်သည်များ ဘက် လှည့်၍ နှုတ်ဆက်စကားဆို၏။

"သား လာပြီဆိုတော့ လုပ်လက်စ အလုပ်လေးတွေ ဆက်လုပ်စရာရှိသေးလို့ ခွင့်ပြုပါအုံး"

"ကောင်းပါပြီ ဗျ"
"ဟုတ်ကဲ့ပါ ရှင့်"

စကားသံက ဆက်တိုက် ထွက်ပေါ်လာသည်။

ဦးသက်တံ ဧည့်ခန်းထဲက ထွက်သွားချိန်
လေထုက ရုတ်ချည်း အေးစက်သွားသည်။
ခွန်းလဲ Sofa မှာ ဝင်ထိုင်လိုက်ပြီး ဟန်ပါပါ
ခြေချတ်ထိုင်ကာ ဧည့်သည်တို့၏ လာရင်း ကိစ္စကို မေးရတော့သည်။

"ဦးနန္ဒကျော်ခေါင်၊ဒေါ်ခင်မဒီ နှစ်ယောက်သား လာရင်းကိစ္စလေး ဆိုကြပါအုံး"

ထိုအခါမှ နန္ဒလှုပ်လှုပ်ရှားရှားဖြစ်လာပြီး အသံထွက်လာတယ်။

"နှစ်ယောက်သား မဟုတ်ပါဘူး ကလေးရဲ့
သူ့ကို ကိုယ်မသိပါဘူး ဒီ အဝင်ပေါက်ရောက်မှတွေ့တာ"

ခင်မဒီကတော့ ဘာမှမပြောပေ ဆိတ်ဆိတ်နေလျက် ခွန်းကိုသာ စူးစိုက်ကြည့်နေတယ်။

ဟမ့် ဘာမက်မောစရာရှိလို့ မောင်က ဒီလို အခြောက်ကောင်ကို စွဲလမ်းနေတာလဲ။ရုပ်ကလဲငါ့လောက်မချော။မိန်းကလေးတွေလို့ အမို့အမောက်တွေက မပါဘဲနဲ့။

မနာလိုစိတ်များစွာဖြင့် စိတ်ထဲမှ ကြိတ်၍ ခွန်းကိုဝေဖန်နေသူမှာ ခင်မဒီသာ

"မခင်မဒီ မခင်မဒီ "

"ဟမ်..ဟမ်ဘာလဲ"

"ကျွန်တော့်ဆီကို ဘာလာလုပ်တာလဲလို့ "

"အော် ထွေထွေထူးထူးကိစ္စမရှိပါဘူး ကျွန်မက ခွန်းရောင်စဥ်ကို ဖိတ်စာလေးလာပေးတာပါ ကျွန်မနဲ့မောင်ရဲ့ မင်္ဂလာပွဲလေ ခွန်းရောင်စဥ် က လာဖြစ်အောင် ဆက်ဆက်လာခဲ့နော်"

ရင်ခုန်သံတွေနားဆင်လျက်ပါ...မောင်[completed]Where stories live. Discover now