Part ..12

4.5K 188 6
                                    

#part 13
#Uni

အိမ်ရှေ့က အုတ်ခုံပေါ်မှာ တစ်ယောက်နဲ့
တစ်ယောက် ပွေ့ဖက်ထားရင်း
ကြယ်တွေကို ကြည့်နေကြတဲ့
ကောင်လေး နှစ်ယောက်ကို
ဦးသက်တံ့ရောင် ပြုံးပြီးကြည့်လိုက်တယ်

အင်းး ငါ့သား ခွန်းရောင်စဥ်တောင်
အရွယ်ရောက်လို့ ချစ်တတ်နေခဲ့ပြီ

ပြီးနောက် ဦးသက်တံ့လဲ အိပ်ရာထဲသို့သာ အနားယူရန် ဝင်သွားတော့သည်

ဦးသက်တံကဲ့သို့ပင်
ထိုမြင်ကွင်းကို ကြည့်ကာ လက်သည်းကိုက်နေသူကတော့ ဘယ်သူရှိမလဲ ပိုးရောင်စဥ်ပေါ့

ပိုးလဲ ကြည့်ကောင်းကောင်းနဲ့ကြည့်နေလိုက်တာ
သူ့အိပ်ခန်း တံခါးကို ​​ဖြေးဖြေးချင်းတွန်းဖွင့်ပီး
သူရှိရာ ဆီကို လျှောက်လာတဲ့ Daddy ကို
သတိမထားမိ

ဦးသက်တံရောင် ပိုးရဲ့အိပ်ခန်းမီးလင်းနေတာမို့
ဒီကလေး မီးဖွင့်ရက်များ အိပ်ပျော်သွားသလားလို့
ဝင်ကြည့်မိတာ အိမ်ရှေ့မှာ ထိုင်နေတဲ့ သားကြီး
တို့အတွဲကို သွားရေများ ကျမတက် ငမ်းနေသည်ကို တွေ့လိုက်ရတယ်

"ဒေါက်~~"

အ့ ~~

"ဟင် Daddy"

"ပိုးရောင်စဥ် ဒါဘာလုပ်နေတာလဲ"

"ဟီး Daddy သမီးက ဟို...ဟို လသာလို့ကြည့်နေတာပါ"

"ဟင်း Daddy သိနေတယ်နော် မီးငယ်
သွား ပြတင်းပေါက်ပိတ်ပီး အိပ်တော့"

Daddy က ဆူငေါက်လိုက်မှ ပိုးလဲ
ငိုမဲ့မဲ့မျက်နှာလေးနဲ့ ပြတင်းတံခါးကိုပိတ်ကာ
အိပ်ရာဝင်ဖို့ပြင်တော့သည်။စိတ်ထဲတွင်တော့သိပ်မကျေနပ် Daddyက အရေးကောင်းမှ ပွဲဝင်ဖြတ်သည်ကိုး။

ဦးသက်တံ့လဲ မီးငယ်အိပ်ရာဝင်သွားမှ မိမိ၏အခန်းဘက်ပြန်လာခဲ့သည်
သူလဲစောစောအနားယူရမည် မနက်ကျ
ကုမ္ပဏီမှာ လုပ်စရာကိစ္စအချို့ ရှိနေသေးသည်လေ

လရောင်အောက်မှာ သာယာနေတဲ့လင်ခင်ပွန်းအတွဲကတော့

"အာဏာ"

"ဗျာ ကိုကို"

"မင်းမပြန်သေးဘူးလားဟင် 9နာရီ ထိုးတော့မယ်"

ရင်ခုန်သံတွေနားဆင်လျက်ပါ...မောင်[completed]Where stories live. Discover now