Part..26 + Part..27(Unicode)

3K 104 2
                                    

ရင်ခုန်သံတွေ နားဆင်လျက်ပါ...မောင် part26

#Unicode💫🌸
#part 26

ဆေးရုံခုတင်ပေါ်မှာ လဲလျောင်းနေတဲ့ ကောင်လေးတစ်ယောက် သူ့ကိုကြည့်လိုက်ရင် တစ်မျိုးတစ်မည် ခံစားရစေတယ်။

နဂိုရှိရင်းစွဲ ပုံစံက မျက်ခုံးထူထူ မျက်လုံးဝိုင်းဝိုင်း နှာတံချွန်ချွန် ပိရိသေသပ်ပြီး အမြဲလိုလို တင်းတင်းစေ့ထားလေ့ရှိတဲ့ နှုတ်ခမ်းပါးတစ်စုံ နဲ့ ကျယ်ပြန်တဲ့နဖူးပြင် အသားအရောင် ခပ်လတ်လတ် အားလုံးကို ခြုံငုံပြီးပြောမယ်ဆိုရင် ဒီလူသားရဲ့ မူရင်းပုံစံကိုက အရှိန်အဝါတစ်ခုနဲ့ပေါ့။

သို့သော် ယခု ဆေးရုံခုတင်ပေါ်ကိုရောက်နေရတဲ့ အနှီလူသားရဲ့ ပုံစံကတော့ မူရင်းပုံစံနဲ့ အဆမတန်ကွာခြားလွန်းတယ်။

မျက်နှာတစ်ခုလုံးက ဖြူဖပ်ဖြူလျော် ဖြစ်နေပြီး ဘယ်ဘယ်လက်ဖမိုးမှာလည်း ဆေးပိုက်တွေ သွင်းထားရတယ်။

အချိန်ခဏကြာပြီးနောက်မှာ ကုတင်ပေါ်ရှိကောင်လေး၏ မျက်ခုံးတို့ တွန့်ချိုးလာပြီး စက္ကန့်အနည်းငယ်အကြာမှာ မျက်ဝန်းအစုံတို့က ပွင့်လာခဲ့တယ်။

အာဏာ သတိရလာချိန် မွန်ထူနေသော ဆေးနံပြင်းပြင်းကြောင့် သူဆေးရုံတစ်ခုခုကိုရောက်နေတယ်ဆိုတာ တန်းသိလိုက်တယ်။

သူဒီကိုရောက်နေတာ ဘယ်လောက်ကြာပြီ မသိပေမဲ့ ရက်အနည်းငယ်ခန့် ဘာအစာမှရှိမနေတဲ့အစာအိမ်ကတော့ ဆိုးရွားစွာ စူးအောင့် နာကျင်နေတယ်။

ကုတင်ပေါ်မှ ထထိုင်ဖို့လုပ်တော့ မိုက်ကနဲ​ဖြစ်သွားတဲ့ဦးခေါင်းကြောင့် ဆေးပိုက်သွင်းမထားတဲ့လက်နဲ့ ကုတင်ကို အားပြုပြီးထောက်ထားလိုက်ရတယ်။

ခေါင်းရင်းမှာရှိတဲ့ အချက်ပြ ခလုတ်ကို နှိပ်လိုက်ပြီး မကြာမီမှာဘဲ အခန်းထဲကို ဆရာဝန်တစ်ယောက်နဲ့nurse နှစ်ယောက်အပြင် ဖေဖေ ဦးမင်းမြတ်ဟန် ဘွားဘွားဒေါ်မြင့်သဇင် တို့ပါ ဝင်လာခဲ့ကြလေရဲ့။

အာဏာလဲ အခုလောလောဆယ် ဖခင်နဲ့ အဘွားဖြစ်သူကို မမြင်ချင်တာကြောင့် မျက်လုံးတွေကို ပြန်မှိတ်ထားလိုက်တယ်။

ရင်ခုန်သံတွေနားဆင်လျက်ပါ...မောင်[completed]Where stories live. Discover now