Thingyan Extra(2)

3.2K 98 1
                                    

#Unicode

မဟာသကြ်န်အကျနေ့....

"ကိုကိုရေ အင်္ကျီအပိုတွေ ထည့်ပြီးပြီလား"

"အင်း ငါပြီးပြီ"

"ဒါဆိုသွားကြစို့နော် ကိုကို"

"အွန်း..အွန်း.."

ဒီနေ့ ခွန်းတို့ သကြ်န်လျှောက်လည်ဖို့ စီစဥ်ထားကြသည်။ဦးပိန်တံတားရှိ လမ်းလျှောက်သကြ်န်ဆီသို့ သွားကြမည်ဖြစ်သည်။

ဒီလိုနှင့် ထည့်စရာရှိသည်များအား ထည့်ပြီး သူတို့ကားလေးကို မောင်းထွက်လာခဲ့သည်။​
အသွားလမ်းမှာတော့ ကားကိုမှန်အလုံပိတ်ထားသည်မို့ ရေပက်၍မရပေ။

ကားကိုဖြေးဖြေးနှင့်မှန်မှန်မောင်းလာရင်းမှ ရေဒီယိုကိုဖွင့်လိုက်သည်။ရေဒီယိုဖွင့်ပြီး 87.9 သို့ပြောင်းလိုက်သည်။ထိုအခါ မန္တလေးFm မှာ သကြ်န်ဖြစ်သည့်အလျောက် သကြ်န်သီချင်းများကို ဖွင့်ပေးနေလေသည်။ယခုဖွင့်ပေးနေသည်က ဦးဇော်ပိုင်၏ သကြ်န်မိုးဖြစ်သည်။ကြားရဖန်များ၍ အလွတ်ရနေသည်မို့ ခွန်းရော အာဏာပါ နှုတ်မှ ခပ်တိုးတိုးလိုက်ညည်းမိသည်။

**မြူးကြွတဲ့တေးသံ ပျံလွင့်လို့နေ..
ကူးပြောင်းစ တန်ကူးလေမှာ..
တစ်ယောက်တစ်လှည်မို့ လှမ်းလာ
ဖျန်းပက်ကြစဥ် ပိတောက်ဖူးလေးတွေ
ပန်ဆင်ထားသူရေ.....
ခေါင်းကလေးမော့သို့ ပိတောက်ဖူးလေးတွေ
ပန်ဆင်ထားသူရေ....**

**ပျော်ပျော်ရွှင်ရွှင်တီးမှုတ်ကြတဲ့ပွဲမှာ
ငိုနေရှာတယ် ပန်းပိတောက်ဖူးတွေထဲ
ရာသီချိန်မီ လှမ်းပွင့်ခဲ့တဲ့ ပိတောက်ကို
ပန်ဆင်ပါရင် လှသထက်တင့်မှာမို့..**

**မိုးပြေးနဲ့အရောက်လာ ပန်းပွင့်ဖို့ရာ
မြူးကြွတဲ့ သကြ်န်အခါ
လန်းဆန်းတဲ့မိုးရေ မိုးပြေးလေးရေ
သကြ်န်မိုးပြေးရေ စိုရုံဖြန်းပက်ဦး
မိုးပြေးလေးရေ သကြ်န်မိုးပြေးရေ
စိုရုံ ဖြန်းပက်ဦး**

သီချင်းလေးလည်း တစ်ခန်းရပ်သွားသလို သူတို့ကားသည်လည်း ဦးပိန်တံတား သို့ရောက်သွားခဲ့ပြီဖြစ်သည်။

"လာ ကိုကို"

အာဏာလဲ ကိုကို့လက်ကိုဆွဲပြီး အရင်ဦးဆုံး တောင်မင်းကြီးဘုရားဆီသို့ ဝင်ခဲ့လိုက်ငည်။အခုချိန်ထိ သူတို့ခန္ဓာကိုယ်တွင် ရေတစ်စက်မျှ မစိုသေးပေ။အမရပူရမြို့တွင် ကြီးလေးကြီးဟူသည့် အကျော်အမော် ဘုရားလေးဆူရှိသည်။၎င်းတို့မှာ တောင်မင်းကြီး၊ကျောက်တော်ကြီး၊ရွှေကူကြီးနှင့်ပုထိုးတော်ကြီးစေတီတို့ ဖြစ်ကြသည်။

ရင်ခုန်သံတွေနားဆင်လျက်ပါ...မောင်[completed]Where stories live. Discover now