Part..40

2.8K 95 0
                                    

ရင်ခုန်သံတွေ နားဆင်လျက်ပါ မောင်Part40

#Part 40
#Uni&Zawgyi💫🍓

တောင်ကြီး-ရန်ကုန် လေကြောင်းလမ်းမှ လေယာဥ်ဆိုက်ကပ်လာပါပြီ ဟူသော လေယာဥ်မယ်၏ စကားသံအဆုံး လေဆိပ်အတွင်း၌ရှိသော ဧည့်သည်လာကြိုသူများအပါအဝင် အာဏာရော ကိုကိုပါ လှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။

မှန်နံရံတွေအနားမှာ မတ်တပ်ရပ်လို့စောင့်နေတဲ့ သူတို့နှစ်ယောက်(အာဏာနဲ့ခွန်း)ဟာ လိုက်ဖက်ညီလှသည်ဟု ထင်ရပါသည်။အာဏာက အသက်အရွယ်နှင့်မလိုက်အောင် ရှည်လျားမြင့်မားတဲ့အရပ်ကို ပိုင်ဆိုင်ထားက ယောကျ်ားပီသတဲ့ ကိုယ်နေဟန်ထား လေးထောင့်ဆန်ဆန် မျက်နှာကျနှင့် စူးရှနေတဲ့မျက်လုံးတို့ကို ပိုင်ဆိုင်ထားကာ အာဏာ့ဘေးက ကိုကိုကတော့ ပီဘိ ဖြူစင်ပါသော ကလေးငယ်သဖွယ် ဖြူဥနေတဲ့အသားအရေ။

ဖောင်းကစ်နေတဲ့ပါးနှစ်ဖက်နှင့် ကြည်လင်နေတဲ့ မျက်ဝန်းတောက်တောက်၊ရဲစိုနေသော နှုတ်ခမ်းအစုံကိုမှ စတစ်အင်္ကျီနှင့်ပုဆိုးကိုလဲ တွဲဖက်ဝတ်ဆင်ထားသေး၏။အားလုံးကို ​ခြုံငုံပြီးပြောမယ်ဆိုရင်တော့ လူကြီးယောင်ဆောင်ထားသော ကလေးပိစီလေးဖြစ်နေပါသည်။ကဲပါလေ အာဏာပိုင်တဲ့ကိုကိုက ဘယ်လိုနေနေ ချစ်ဖို့ကောင်းနေပြီးသား။

လေဆိပ်၌ လေယာဥ်မှဆင်းလာသူများရော၊ဧည့်ကြိုတွေရောရှုပ်ယှက်ခက်လာသည်နှင့်အမျှ အာဏာ ကိုကို့ကို ရင်ခွင်ထဲဆွဲသွင်းထားမိသည်။ကိုကိုက ပုပုသေးသေး ရင်ခွင်မှီလေး မတော်လို့ လူတွေကြား ညှပ်ပါသွားရင် အာဏာ စိတ်ပူပူနှင့် လိုက်ရှာရဦးမည်။မဖြစ်ပါလေ လုံးဝမဖြစ်။ကိုကိုပျောက်သွားလို့ဘယ်လိုမှမဖြစ်ပါဘူး။

သိပ်မကြာခင်အချိန်အတွင်း အာဏာတို့နှစ်ယောက်၏ အရှေ့သို့ အနီရင့်ရောင် ဗမာဝမ်းဆက်ဖြင့် အမျိုးသမီးကြီးတစ်ယောက် လာရပ်သည်။ထိုအမျိုးသမီးကိုမြင်တော့ အာဏာရဲ့သန်မာတဲ့လက်တွေနဲ့ပွေ့ဖက်ခြင်းကိုခံထားရတဲ့ခွန်းမှာ မျက်နှာမထားတတ်လောက်အောင် ရှိုးတိုးရှန်းတန်းတွေဖြစ်ပြီး မျက်နှာဖြူဖွေးဖွေးမှာ နီရဲလာ၏။ထိုအမျိုးသမီးကြီးမှာ အခြားသူမဟုတ်..အာဏာရဲ့အဘွားဖြစ်သူ ဘွားဘွားဒေါ်မြင့်သဇင်သာ ဖြစ်ပေသည်။

ရင်ခုန်သံတွေနားဆင်လျက်ပါ...မောင်[completed]Where stories live. Discover now