Part..8

6K 289 6
                                    

#zawgyi
#part8

ခွန်းလဲ Daddyက ဖုန်းဆက်ခေါ်သည်ကြောင့်
အာဏာကို ခေါ်ကာ အိမ်သို့ ပြန်လာခဲ့သည်

အပြန်ကားပေါ်တွင်

"ကိုကို ကိုကို့ Daddyက ဘာပြောမလို့လဲ မသိဘူး
တကယ်လို့ ကိုကို့နဲ့ ကျွန်တော့်ကို မတွေ့ရဘူးလို့ပြောရင်
ကျွန်တော်တော့ အရမ်းလွမ်းနေရမှာ လွမ်းတဲ့ ဒဏ်တော့
မခံစားနိုင်ဘူး ကိုကိုရာ ကျွန်တော် တစ်ခါထဲ ကိုကို့ကို
ခိုးပြေးသွားရမလား"

"ဟေ့ကောင် မင်းမြတ်အာဏာ မင်း ပရမ်းပတာတွေ
လျှောက်မလုပ်စမ်းနဲ့ တစ်ယောက်နဲ့ တစ်ယောက်
မတွေ့ရဘူးလို့တော့ Daddyက မပြောလောက်ပါဘူး
အလွန်းဆုံး သူ့မပြောဘဲ အပြင်ထွက်သွားလို့ နဲနဲလောက်
ဆူရုံပေါ့ကွာ "

"အင်းပါ " " ကိုကို"

"အွန်း ပြောလေ"

"ကျွန်တော် ကိုကို့ကို အရမ်းချစ်တယ်"

ကားပေါ်မှာ တိတ်ဆိတ်မှု့တွေ ကြီးစိုးသွားခဲ့တယ်

ခဏအကြာမှာ တိုးညင်းတဲ့ အသံလေးတစ်သံ

"မင်း ငါ့ကို ချစ်ရင် ဘယ်တော့မှ မထားခဲ့ပါနဲ့တဲ့"

အာဏာ ယဲ့ယဲ့လေးမျှ ပြုံးပြပြီး ခေါင်းတစ်ချက်
ငြိမ့်ပြလိုက်သည်

စိတ်ထဲတွင်တော့ စိတ္ခ်ပါကိုကို ကျွန်တော် ကိုကို့ကို
ဘယ်တော့မှထားမသွားဘူး

အာဏာ ကိုကို့ အိမ်ရှေ့ကိုရောက်တော့ကားကိုရပ်ကာ
ကိုကို့လက်ကိုတွဲပီး အိမ်ထဲကို ဝင်လာခဲ့သည်

ခွန်းက ဧည့်ခန်းမှာထိုင်နေသော Daddyကို တွေ့သော်

"အဟမ်း Daddy Morning."

"အင်း morning သား "

"hee Daddyနေကောင်းလားဗျ"

"နေကောင်းလို့ မင်းရှေ့မှာ ထိုင်နေတာလေ
နေမကောင်းရင် အိပ်ယာထဲမှာ လှဲနေမှာပေါ့
စောက်ပိုတွေ တအားမေးတာ"

"ဟင့် Daddy ကလဲ စိတ်ချည်းဘဲ
သားက သဘော မေးတာကို"

ဦးသက်တံ့ လျှာအလွန်ရှည်လှပါသော ထိုသကောင့်သားလေးအား ဘုကြည့် တစ်ချက်ကြည့်၍

"သားကြီး Daddyတို့ မနက်စာစားရင်းပြောရအောင်
ဟိုကောင်ရော ထမင်းစားခန်းထဲလိုက်ခဲ့"

ရင်ခုန်သံတွေနားဆင်လျက်ပါ...မောင်[completed]Where stories live. Discover now