Part...34

2.9K 111 1
                                    

ရင်ခုန်သံတွေ နားဆင်လျက်ပါ.မောင်Part34

#Part34
#Uni&Zawgyi💫💓

နှစ်ရက် နှစ်ရက် ရှိပြီ ။
ချစ်ရတဲ့ ကိုကို မေ့မျော နေခဲ့တာ။
ဒီ ကုတင်ပေါ်မှာ လှဲနေရတာ ငြီးငွေ့နေပြီမလား။ထလာတော့လေ ကိုကိုရယ်။မောင်ကဖြင့် ကိုကိုနဲ့အတူ လျှောက်လည်ဖို့ စောင့်နေတာကို။မအိပ်နဲ့တော့နော်။

ဆေးရုံရဲ့ VVIP room မှာ ကုတင်ပေါ်တွင် လှဲလျောင်းနေသော ဖြူဖျော့ဖျော့ ခန္ဓာကိုယ်လေးကို ကြည့်ရင်း မျက်ရည်တို့က ဝေ့သီလာပြန်တယ်။သွေးမရှိတော့သလို စွတ်စွတ်ဖြူနေတဲ့ နှုတ်ခမ်းပါးတို့အား ရေစွတ်ထားသော ဂွမ်းစများဖြင့် ခဏခဏ တို့ထိရင်း...နဂိုထဲကမှ အသားဖြူတာကြောင့် ဖွေးအုနေပါသော လက်ချောင်းသွယ်သွယ်လေးများနှင့်စိမ်းဖန့်ဖန့် သွေးကြောလေးတွေ ထင်းနေပါတဲ့ လက်တစ်စုံကို ဆုပ်ကိုင်ထားရင်း ဆက်အိပ်မနေတော့ဖို့ကို တီးတိုး ရွတ်ဆိုနေသူက အာဏာရယ်ပါ။

ကိုကို့လက်ကို ကိုင်ပြီး စကားပြောနေချိန်မှာ ကျရောက်လာတဲ့အရိပ်ကြောင့် အာဏာ မော့ကြည့်မိတော့ သစ်သီးခြင်းကို ဆွဲပြီး အခန်းထဲကို ဝင်လာတဲ့ ဦးနန္ဒကျော်ခေါင်ကို တွေ့လိုက်ရတယ်။

"တရားရုံးက ရုံးတင်စစ်ဆေးခြင်းကို နောက်တစ်လမှာ ထပ်ပြီး ချိန်းဆိုလိုက်တယ်"

နန္ဒလဲ ပြောသာ ​ပြောနေရတယ် သူပြောတာကို နားထောင်နေရဲ့လားတောင် မသိတာမို့ ဆက်မပြောဘဲ ငြိမ်နေလိုက်တယ်။ဒီကောင်လေး နန္ဒဝင်လာကတည်းက တစ်ချက်သာ မော့ကြည့်ပြီး ကလေးကိုသာ စိုက်ကြည့်နေတာ။

အာဏာ ဦးနန္ဒကျော်ခေါင် ပြောပြနေတာတွေကို ကြားပေမဲ့ ဘာစကားမှ ပြန်ပြောနိုင်ခြင်း မရှိဘဲ။ကိုကိုလိုအပ်နေချိန်မှာ အမြန်ဆုံး ရောက်မလာပေးနိုင်သည့် အတွက် ယူကျုံးမရခြင်း များစွာဖြင့်သာ...။

နန္ဒလဲ သူကို့ အဖက်ပင်မလုပ် လှည့်မကြည့်တဲ့ အာဏာ့ကို စကားပြောမနေတော့ဘဲ လူနာကုတင်ဘေးရှိ ခုံတန်းရှည်ပေါ်သို့သာ ထိုင်နေလိုက်သည်။စိတ်အစဥ်ကတော့ ထိုနေ့ဆီသို့ လွင့်ပျံလို့ ။ထို့နေ့....အင်း အဲ့ဒီနေ့ကပေါ့..

ရင်ခုန်သံတွေနားဆင်လျက်ပါ...မောင်[completed]Where stories live. Discover now