ရင်ခုန်သံတွေ နားဆင်လျက်ပါ မောင်..
#Part 31
#Unicode💫💓မည်းမှောင်နေသော ကောင်းကင်ယံမှာ တစ်ဖြည်းဖြည်း အရောင်ဖျော့လာခဲ့လာပြီ။
ထိုရောင်နီဖျော့ဖျော့မှာလဲ များမကြာမီ အချိန်အတွင်း အလင်းတို့၏ ဝါးမျိုမှု့ကို ခံလိုက်ရကာ ကမ္ဘာလောကတစ်ခွင်တွင် နေရောင်ခြည်၏ အလင်းဓာတ်နှင့်နွေးထွေးမှု့တို့က လွှမ်းခြုံသွားသည်။တောင်အရပ်မှ စတင်တိုက်ခတ်လာသော မြောက်ပြန်လေညင်းကလဲ တစ်သုန်သုန် ။ နံနက်ခင်း၏ လေပြည်သည် ချိုအေးမွှေးမြလှသည်။ထိုကဲ့သို သာယာလှပနေသော နံနက်ခင်းအလှနှင့်ငှက်ငယ်များ၏ တေးသံသာကို ဖျက်ဆီးလိုက်သည်မှာစူးရှကျယ်လောင်သော ဖုန်းဝင်လာသံဖြစ်သည်။
ညအချိန်တွင် အတွေးများသဖြင့် အိပ်မပျော်ခဲ့သော ခွန်းရောင်စဉ်သည်လည်း မကိုင်မချင်း ခေါ်နေသော ဖုန်းခေါ်ဆိုသူကိုသာ အိပ်နေရင်းမှ ကျိန်ဆဲမိ၍ ဖုန်းကိုင်လိုက်ရသည်။
"ဟယ်လို"
အိပ်ရေးမဝသဖြင့် ဖုန်းကိုင်လိုက်သည့် အသံကိုက ဆောင့်ကြီးအောင့်ကြီးနှင့်ဖြစ်နေသည်။
"......."
"ဘာ!!"
ကြားလိုက်ရသော စကားသံကြောင့် အိပ်စုံမှုန်မွှား ဖြစ်နေသူမှာ ခေါင်းကို မိုးကြိုး ပစ်ချခံလိုက်ရသလို။"ငါ..ငါ ခုချက်ချင်း သူ့ဆီကို လိုက်သွားချင်တယ်.."
ခွန်းတောင်းဆိုသည့်လေသံဖြင့်ပြောလိုက်မိသည်လား မဝေခွဲတတ်တော့။ဖုန်းခေါ်ဆိုလာသူမှာ ခင်မဒီဖြစ်ပြီး..ခေါ်ဆိုရသည့်အကြောင်းအရင်းကတော့ သူ...ခွန်း ချစ်ရပါသော ထိုလူသားငယ် အက်ဆီးဒင့် ဖြစ်၍တဲ့။
မင်္ဂလာရှိသောနံနက်ခင်းတွင်ကြားလိုက်ရသည့် မင်္ဂလာမရှိသော သတင်းပါလေ။"....."
ခွန်းမှာ မိမိကိုယ်တိုင် ထိုအမျိုးသားငယ်စီသို့ အပြေးသွားလိုက်ချင်ပါသော်လည်း ခင်မဒီက လာခေါ်မည်ဆိုသဖြင့် ခေတ္တစောင့်ရဖို့ အကြောင်းဖန်လာပါသည်။ဖြစ်နိုင်လျှင် ကိုယ်တိုင် အမြန်ပြေးသွားချင်ပါသော်လည်း ခင်မဒီမှာ လာခေါ်မည်ဟုပြောပြီး ချက်ချင်း ဖုန်းချသွားသဖြင့် မည်သည့်ဆေးရုံတွင်လည်း ဟု မမေးလိုက်ရဖြစ်ကာ ခင်မဒီလာအခေါ်ကိုသာ စောင့်ရတော့မည် ဖြစ်သည်။
YOU ARE READING
ရင်ခုန်သံတွေနားဆင်လျက်ပါ...မောင်[completed]
Romanceရင်ခုန်သံတွေနားဆင်လျက်ပါ မောင်... ကြားရလားကိုကို မောင့်ရင်ခုန်သံတွေ.... အင်းကြားရတယ် ဒုတ် ဒုတ် ဒုတ် ဒုတ်နဲ့..... ဒါဆိုရင်တော့ ကိုကို နားဆရာဝန်ပြသင့်ပြီ ဟင် ဘာလို့လဲကွ မောင့်ရင်ခုန်သံတွေက ပြောနေတယ် ကိုကို့ကို ချစ်တယ်တဲ့💗💗💗 ရင္ခုန္သံေတြနားဆင္လ်က္ပါ...