Part.. 22

2.8K 113 4
                                    

ရင်ခုန်သံတွေနားဆင်လျက်ပါ မောင်..part22

#part22
(Unicode💫🌸)

မင်းမြတ်အာဏာ မောင်းနှင်လာတဲ့ ကားလေးဟာ ဖြေးဖြေးနဲ့ မှန်မှန်ဘဲ အဘွားရဲ့ စံအိမ်ကြီးစီကိုပြန်ရောက်လာတယ် ခြံတံခါးထွက်ဖွင့်​​ပေးတဲ့ 'အစော'ကို ခွန်း တစ်ချက်ပြုံးပြလိုက်သည်။

စံအိမ်ထဲကို ဖြေးဖြေးချင်းဝင်လာတဲ့ကားလေးဟာ ဆင်ဝင်အောက်မှာ ထိုးရပ်သွားတယ်။

ထိုအချိန် ဘွားဘွားက အပြင်ကိုထွက်လာပြီး အာဏာနဲ့ခွန်းကိုတစ်လှည့် ကားထဲကို တစ်လှည့်ကြည့်တယ်။

"သမီးခင်မဒီရော မြေးငယ်"

"ဟို..မခင်မဒီက"

"တော်တော့ မင်းမြတ်အာဏာ မင်း ကိုယ့်အဘွားကို ဘာတွေ ညာအုံး မလို့လဲ သမီးမဒီက ငါ့ကို ဖုန်းဆက်ပြီးတိုင်တယ်မင်းတို့ကော်ဖီဆိုင်မှာ ပြဿနာ ဖြစ်ကြတယ်ဆို"

ဘွားဘွား ဘွားဘွားက သွေးမတော် သားမစပ် အဲ့ဒီမိန်းမတစ်ယောက်ကြောင့် ငါ့ကိုတောင် ဘယ်တုန်းကမှ မသုံးဖူးတဲ့ အသုံးအနှုန်းတွေနဲ့ဆူနေတာလား

အနည်းငယ် ဝမ်းနည်းသွားတဲ့စိတ်ကို ဖယ်ထုတ်လိုက်ပြီး မင်းမြတ်အာဏာ စကားအချို့ ပြောဖို့လုပ်တယ် ဟုတ်တာပေါ့ အခု အာဏာနဲ့ ဘွားဘွား.စကားပြောဖို့လိုနေပြီ

"သား..သားရှင်းပြမယ် ဘွားဘွား"

"တော်တော့ မင်းမြတ်အာဏာ ထပ်မပြောနဲ့ ဒီအဘွားအေကလေ မင်းကို ခင်မဒီ့လို မျိုးရိုးမြင့်မြင့် မိန်းကလေးနဲ့ ဖြစ်စေချင်လို့ ကြားထဲကနေ အသက်ကြီးမှ မြှားနတ်မောင်လုပ်နေရတာဟဲ့ ဒါကို မင်းက ပြဿနာရှာလာတယ်ပေါ့ "

အဘွားပြောလိုက်တဲ့စကားတွေကြောင့် အာဏာ ရုတ်တရပ် ကြောင်အသွားတယ် သူဘာဆက်ပြောရမှန်းမသိတော့ဘူး..အဘွား အဘွားက အာဏာ့ကို ဘယ်လိုဖြစ်စေချင်ရတာလဲ

"အဘွား ကျွန်တော် မခင်မဒီကို မယူနိုင်ဘူး"

"ဘာ!!!မင်း မင်းက ငါလက်နဲ့ရေးတာကို ခြေနဲ့ဖျက်ဖို့ ကြိုးစားနေတာလား "

"ဘာဆိုင်လို့လဲ ဘွားရဲ့ ကျွန်တော် မနှစ်သက်တဲ့မိန်းမတစ်ယောက်ကို ယူရလောက်တဲ့ထိ ကျွန်တော်မရူးဘူး"

ရင်ခုန်သံတွေနားဆင်လျက်ပါ...မောင်[completed]Where stories live. Discover now