Part..41

2.4K 86 0
                                    


#Part.41
#Uni&Zawgyi

"​​​သောက်ခွေး ပျော်ချင်လို့ လိုက်လာပါတယ်ဆိုနေ သောက်ပြဿနာ လိုက်ရှင်းနေရတယ်"

ဤသည်မှာတော့  အာဏာနှင့်အတူ တောင်ကြီးမြို့သို့ အလည်လိုက်ပါလာသည့် ပိုင်စိုးထံမှ ခပ်ရွတ်ရွတ် ညည်းညူလိုက်သံဖြစ်သည်။ရန်ကုန်တွင် ကျန်ခဲ့သော ရည်းစားမှာ ဘာတွေ ကောက်မှန်းမသိ ကောက်ပြီး ပြတ်ပြီဆိုသည့် တစ်ခွန်းထဲဖြင့် အဆက်အသွယ်ဖြတ်သွားတာမို့ အသည်းကွဲနေရသည်ကတစ်ကြောင်း သောက်နွား မင်းမြတ်အာဏာက လင်ပူမိပြီး သေမလို ဖြစ်နေသည်က တစ်ကြောင်းကြောင့် ရန်ကုန်က ရည်းစားကို ပြန်ချော့လိုက်မည် ဟူသည့် အစီအစဥ်လဲ ပျက်သွားရပြီဖြစ်သည်။

ဘွားဘွားကလဲ အာဏာတို့နှစ်ယောက်ကို သဘောတူမည့်ပုံ မပေါ်ပါ။ရှင်းရှင်းပြောရရင်တော့ ပိုင်စိုးလည်း သူငယ်ချင်းဖြစ်တဲ့ အာဏာ့ကို သိပ်သနားသည်။ကြာလာရင် ဒီကောင် အကိုခွန်းစိတ်နှင့်ရူးတော့မည်ဖြစ်သည်။

ပိုင်စိုးလည်း တောင်ကြီးက အဒေါ်တို့အိမ်ခဏသွားပြီး အာဏာတို့ရဲ့စံအိမ်ဆီသာ ပြန်လာခဲ့လိုက်သည်။ဒီအချိန်မှာ အစစအရာရာအတွက် အားပေးဖို့ အာဏာ သူ့ကို လိုအပ်ကောင်း လိုအပ်နေလိမ့်မည်။

အတွေးလေးနှင့်အတူ ကားကို ခပ်ဖြေးဖြေးသာ မောင်းရင် 'သဇင်မြိုင်'စံအိမ်ကို ပြန်လာခဲ့သည်။တောင်ကြီးမြို့ရဲ့ကားလမ်းတွေဟာ ရန်ကုန်မြို့လောက်တော့ ရှုပ်ယှက်ခတ်မနေပါ။သူ့လမ်းကြောင်းနှင့်သူ အတန်အသင့်ရှင်းနေသည်မို့ အချိန်ဘယ်လောက်မှ မကြာလိုက်ဘဲ စံအိမ်သို့ ပြန်ရောက်လာခဲ့သည်။

စံအိမ်ကို ရောက်တော့ တိတ်ဆိတ်နေတဲ့အနေအထားကြောင့် မျက်မှောင်တစ်ချက်ကုပ်မိလိုက်သည်။စံအိမ်က လူတွေ ဘယ်ရောက်ကုန်တာပါလိမ့်။ကိုယ်တိုင်ဘဲ ခြံတံခါးကို ဆင်းဖွင့်လိုက်ရပြီး ကားကိုခြံထဲသို့ မောင်းဝင်လာခဲ့သည်။

အိမ်ထဲကို ဝင်လာခဲ့လိုက်တော့ မီးဖိုခန်းဘက်မှ ရှိုက်သံသဲ့သဲ့ ကြားတာမို့ ပိုပြီး နားစွင့်လိုက်မိသည်။ဒီအသံကို ပိုင်စိုး ရင်းနှီးနေသလိုပါပင်။ဘယ်သူမှန်း မသိတာမို့ ပိုင်စိုးလည်း အသံမထွက်စေရဘဲ မီးဖိုးခန်းဆီသို့ ခြေသံလုံလုံဖြင့် ချဥ်းကပ်လိုက်သည်။

ရင်ခုန်သံတွေနားဆင်လျက်ပါ...မောင်[completed]Where stories live. Discover now