My Precious Day💓💓

1.6K 49 1
                                    

Hello အားလုံးဘဲ မင်္ဂလာနံနက်ခင်းလေးပါရှင့်...

ဒီနေ့လေးက ကြယ်ဖြူ လူ့လောကကြီးကို စတင်ဝင်ရောက်ခြင်းရဲ့ 15နှစ်ပြည့် နေ့လေးပါ။

တစ်နည်းအားဖြင့် ကြယ်ဖြူ့အသက် 15နှစ်ပြည့်မွေးနေ့လေးပေါ့။

ဆိုတော့ ဒီPart မှာ ရေးသားထားတဲ့ အကြောင်းအရာတွေက Fic ရဲ့ အခန်းဆက်တွေ မဟုတ်ပါဘူး ဇာတ်ကောင်လေးတွေ အကြောင်းကို ဆွေးနွေးတာပေါ့နော်။ဆက်ပြီးဖတ်ပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင့်....

​​မေး။ ။ပထမဆုံးဒီFicကိုရေးဖို့ စိတ်ကူးက ဘယ်လို့ရပါသလဲ။

ဖြေ။ ။ငယ်ငယ်လေးကတည်းက စာအုပ်တွေဖတ်ရတာကို ဝါသနာပါပြီး သဘောကျနှစ်ခြိုက်ပါတယ်။အသက်12နှစ်အရွယ်ကနေစပြီး စာရေးခြင်းဆိုတဲ့အမှု့ကို စတင်ခဲ့ပါတယ်။အဲ့တုန်းကတော့ ဖတ်တဲ့စာရော ရေးတဲ့စာကပါ Horror နဲ့ Poem တွေပါ ။
[အသက်ငယ်သေးလို့ အိမ်က အချစ်ဝတ္ထုတွေ မဖတ်ခိုင်း@_@]
နောက်တော့ Wattpad ကိုသုံးတတ်လာပြီးစာရေးရမလားလို့တွေးမိတာတယ်။အဲ့ဒီမှာ Justin Bieber ရဲ့ အချစ်သီချင်း တစ်ပုဒ်ထင်တယ် သိပ်မမှတ်မိတော့ဘူး..နားထောင်မိပြီး တစ်ယောက်ကို တစ်ယောက် နားလည်မှုတွေ သံယောဇဥ်ကြိုးတွေနဲ့တည်ဆောက်မဲ့ အချစ်တစ်ခုကို ပုံဖော်ကြည့်ဖို့ ဖြစ်လာတာပါ။

မေး။  ။ ဇာတ်ကောင်တွေရဲ့နာမည်ကို ဘာလို့ အဲ့လိုတွေပေးတာလဲ။

ဖြေ။  ။ အရင်ဆုံး မင်းမြတ်အာဏာ...
ဘာလို့အဲ့နာမည်ပေးလဲဆိုရင် ကိုယ်က စဥ်းစာမိတယ် ငါရေးတဲ့ဇာတ်ကောင်သည် နူးညံမည်လား..သို့မဟုတ် အရှိန်အဝါတွေနဲ့ ခက်ထန်တဲ့ပုံစံမျိုးလားပေါ့။ကိုယ့်ရဲ့ရွေးချယ်မှု့က အရှိန်အဝါတွေအပြည့်နဲ့ရှိစေရှိတယ်။ခက်ထန်တာမျိုး မဟုတ်ဘဲနဲ့။အဲ့မှာ ဘုရင်တစ်ပါးလို ဂုဏ်အရှိန်အဝါနဲ့ပြီးတော့ သြဇာအာဏာလွှမ်းမို့မှု့လဲရှိရမယ်။သူ့စကားဆိုရင်တစ်ခွန်းဆိုတစ်ခွန်း အမိန့်အာဏာ သက်ရောက်ရမယ်ဆိုတဲ့သဘောနဲ့..မင်းမြတ်အာဏာ လို့ပေးဖြစ်ခဲ့တာပါ။

ပြီးတော့ ခွန်းရောင်စဉ် ဒါကတော့ ရှင်းပါတယ် ကိုယ်က ဒီဇာတ်ကောင်ကို Uke ဆိုပေမဲ့ နုနွဲ့နေတာမျိုး မဟုတ်ဘဲ သူကိုယ်တိုင်ကိုက ရောင်စဥ်တွေဖြာနေသလိုမျိုး ဂုဏ်ရည်တွေ ရှိနေစေချင်လို့ပါ။ခွန်းကတော့ ကိုယ့်ရဲ့ နာမည်ပါ KeKe...

ရင်ခုန်သံတွေနားဆင်လျက်ပါ...မောင်[completed]Where stories live. Discover now