Part..15

3.7K 165 4
                                    

#Unicode
#part16

ကစားကွင်းကနေ ပြန်လာခဲ့ကြတော့ ကား​​ပေါ်မှာ မျက်နှာရဲရဲနဲ့ အာဏာရှိရာဘက်လှည့်မလာဘဲ
ဘေးဘက်ပတ်ဝန်းကျင်ကိုသာ ငေးနေတဲ့ ကိုကို့ကို
ကြည့်ပြီး သူ စချင်လာတယ်။ဒါကြောင့် တိတ်ဆိတ်နေတဲ့ အခြေအနေကို ဖြိုခွင်းပြီး သူ့ဘက်ကနေဘဲ စကားစလိုက်တယ်။

"ကိုကို နေလို့ မကောင်းဘူးလား မျက်နှာတွေရဲနေတယ်"

"ဟမ် ငါ နေကောင်းပါတယ်"

"ဟုတ်လို့လား ကိုကိုရယ် နေမကောင်းဘူးမလား လာ ကျွန်တော်နမ်းပေးမယ် နမ်းလိုက်ရင် နေမကောင်းပျောက်တယ်တဲ့"

"မင်း..မင်း.."

"ဟမ် ကျွန်တော် မင်းမြတ်အာဏာလေ မင်းမင်း မဟုဖူး တွေ့လား ကျွန်တော့်ကိုတောင်မေ့နေပီ ကိုကိုနေမကောင်းရင်လဲ အားမနာပါနဲ့ ကျွန်တော်ဘဲ အနစ်နာခံပြီးနမ်းပေးပါ့မယ် "

"တော်စမ်း မင်းမြတ်အာဏာ ကားမောင်းတာ ရှေ့ကြည့်မောင်းစမ်း ငါ ငယ်ငယ်ရွယ်ရွယ်နဲ့မသေချင်သေးဘူး"

"ဟုတ်ပါပီဗျာ"

##################

"ကိုကို ရောက်ပြီ။"

"ဟင် ကိုကို အိပ်ပျော်သွားတာလား"

ဟုတ်ပါတယ် ခွန်းတကယ် အိပ်ပျော်သွားခဲ့တာပါ

"ဟူးး ငါ့ကိုကို ပင်လယ်ဓားပြစီးပီး မောသွားတာနေမှာ ကားပေါ်မှာတောင်အိပ်ပျော်သွားပြီ"

အာဏာလဲ ကိုကို့ကို နိူးမနေတော့ဘဲ ကားပေါ်ကနေ အသာအယာ ပွေ့ချီလာခဲ့တယ်။

အိမ်ထဲရောက်တော့ ဖေဖေက ဧည့်ခန်းမှာ Macbookတစ်လုံးနဲ့ အလုပ်ရှုပ်နေတာကို တွေ့တယ်

"သား မင်းကိုကို အိပ်ပျော်နေတာလား"

"ဟုတ်တယ်ဖေဖေ ကိုကို ပင်လယ်ဓားပြစီးပီး
တော်တော်မောသွားတယ်နေမှာ ကားပေါ် အိပ်ပျော်သွားတာ"

"အေးအေး သား မင်းအခန်းထဲဘဲသွားသိပ်ထားလိုက်တော့ ညနေစောင်းထိတော့ မအိပ်စေနဲ့နော်
4နာရီလောက်ကျ နိုးလိုက် ဖေဖေပြောစရာတွေလဲ ရှိသေးတယ် "

"ဟုတ်ကဲ့ဖေဖေ"

ဖေဖေကို နှုတ်ဆက်ပြီး အာဏာလဲ ကိုကို့ ကိုအခန်းထဲခေါ်လာခဲ့တယ်။အခန်းထဲရောက်တော့ သူလဲ ခွန်း ကို မွေ့ယာပေါ် အသာအယာတင်လိုက်ပြီး
ခြေထောက်ကို မ-ကာ စီးထားတဲ့ ဖိနပ်ကို ချွတ်ပေးလိုက်တယ်။ ပီး သူလဲ သူ့ကိုသူ သန့်ရှင်းရေးလုပ်လိုက်တယ်။ကစားကွင်းမှာတုန်းက ပင်လယ်ဓားပြစီး မူးပီး အန်လိုက်တာ လူက အခု
ချဥ်စူးစူးနဲ့ ဘာအနံထွက်နေမှန်းကို မသိ။

ရင်ခုန်သံတွေနားဆင်လျက်ပါ...မောင်[completed]Where stories live. Discover now