Part..43

2.5K 96 2
                                    

#Part..43
#Uni&Zawgyi🍓💮

ပိုင်စိုး အာဏာ့ဘေးမှာထိုင်ရင်း မျက်ရည်တွေကျကာ ငိုင်နေတဲ့ ကောင်မလေးကို ဂရုဏာသက်စွာကြည့်နေမိတယ်။

ထို့နောက် ပခုံးလေးအား ငြင်သာစွာပွေ့ဖက်လျက်
"အစော အစော မငိုပါနဲ့ကွာ"

ပိုင်စိုးက ထိုကဲ့သို့ဆိုလေမှ အစောမှာ ချော့တဲ့ကလေး ပိုငို ဆိုသလို ပိုင်စိုးအားဖက်၍ ငိုလေတော့သည်။

"မင်းမြတ်အာဏာက သန်မာပါတယ် အစောရယ် သူမကြာခင်နိုးလာတော့မှာပါ တိတ်တိတ် မငိုနဲ့တော့"

ပိုင်စိုးလည်း မည်မျှပင်ချော့စေကာမူ ပိုတိုးလို့သာ ငိုနေတဲ့ကောင်မလေးကြောင့် အကြံအိုက်လာတယ်။တကယ် ပိုင်စိုး လုံးဝ လုံးဝ မချော့တတ်ဘူး!!

"အစော ညည်းကို အိမ်စောင့်ခိုင်းခဲ့တာမလား"

မာထန်နေတဲ့ ထိုအသံနဲ့အတူ ကြီးကြီးသဇင် ဝင်လာခဲ့တော့ ပိုင်စိုးခါးကို ဖက်တွယ်ထားတဲ့လက်ကလေးဟာ ဆတ်ခနဲ တုန်သွားတာကို ပိုင်စိုး ခံစားမိလိုက်တယ်။အင်း..ဒီကောင်မလေး အဆူမခံရဖို့အရေး ငါတော့ အယူခံဝင်ရဦးမယ်။

"ဒီလိုပါ ဘွားဘွား သူ့ကို သားသေချာခေါ်လာတာပါ"

"အို..သားပိုင်စိုးကလည်း သူ့ကို ဘွားက အိမ်စောင့်ခိုင်းထားတာကွယ်"

"ဘွားဘွားကလည်း စံအိမ်ကြီးက အကျယ်ကြီးလေ မိန်းကလေးတစ်ယောက်ထဲလန့်နေမှာပေါ့ ပြီးတော့ အစောကလဲ အာဏာ့ကို စိတိပူနေတာဘဲလေ စံအိမ်တံခါးတွေလဲ သေချာပိတ်လာပါတယ်"

"ဘာဘဲဖြစ်ဖြစ်သား အိမ်အကူက အိမ်အကူဘဲလေ "

ကျစ်*ဒီနေရာမှာတော့ ဒီလိုအဆင့်အတန်းခွဲခြားတတ်တဲ့ အာဏာ့မိသားစုကို ပိုင်စိုးစိတ်ပျက်ရသည်။

"ဘွားဘွား..

"ဟို..အကိုလေးပိုင်စိုး အစော ပြန်လိုက်ပါ့မယ်နော်"

ပိုင်စိုးပြန်ပြောလုဆဲဆဲမှာ အစောက ပိုင်စိုးခါးက အင်္ကျီစကိုဆွဲပြီး ခေါင်းခါပြကာ ထိုသို့ပြောလေသည်။သဘောကတော့ ဘွားဘွားကို ပြန်မပြောပါနဲ့ပေါ့။ပြီးနောက် ထိုကောင်မလေး ဆေးရုံခန်းရဲ့အပြင်ဘက်သို့ထွက်သွားလေသည်။ပိုင်စိုးလဲ ပြန်ပြောချင်တဲ့စိတ်တွေကို လျှော့ချလိုက်ပြီး အစောနောက်ကိုဘဲ လိုက်သွားလိုက်သည်။ ပြန်ပြောလဲ ဘာထူးမှာလဲ ဒါမီယမ်မာနိုင်ငံလေ။ ကိုယ်က နားလည်အောင် ပြောပြရင်လည်း ရိုင်းစိုင်းတယ်ဖြစ်နေဦးမယ်..ဟူးး။

ရင်ခုန်သံတွေနားဆင်လျက်ပါ...မောင်[completed]Where stories live. Discover now