#Unicode
#part14ဒီနေ့ အာဏာရဲ့ အသက် 17နှစ်ပြည့်မွေးနေ့။
ကိုကို့ကို ချစ်တယ်လို့ ဝန်ခံထားခဲ့တာတောင်
ငါးလလောက်ရှိပြီပေါ့ ။အချိန်တွေက အကုန်မြန်လွန်းတယ်။ ကိုကိုကတော့ ခုချိန်ထိ အဖြေပြန်မပေးသေးဘူး ။အဲ့တော့ တရားဝင်ချစ်သူတွေတော့ မဖြစ်သေးဘူးပေါ့ ။ဒါပေမဲ့ ကိုကိုက အာဏာကိုချစ်နေပြီဆိုတာကို အာဏာ သိပါတယ် ။ကိုကိုမြိုသိပ်မထားနိုင်တော့တဲ့ တစ်ချိန်ချိန်မှာ ထုတ်ပြောပါလိမ့်မယ် ။လွန်ခဲ့တဲ့ ငါးလခန့်က ကန်တော်ကြီးဘက်ကို လမ်းလျှောက်ဆိုပီးသွားတော့ အိမ်မက်ယောင်ရင်း ကိုကိုပြောလိုက်တဲ့စကား ငါချစ်တဲ့ လူတွေအကုန်လုံး ငါ့ကို ထားသွားခဲ့ကြတယ်ဆိုတာ(part 6) အခုတော့အာဏာ အဖြေရှာနိုင်ခဲ့ပါပီ။ ကိုကို့ကို ထားသွားခဲ့တယ်ဆိုတာက သူ့ရဲ့မိခင်ရင်းကိုယ်တိုင်ပါဘဲ။
ဦးသက်တံရောင်နဲ့ ဒေါ်ပိုးသားနွယ်တို့က မိဘတွေပေးစားလို့ မချစ်မနှစ်သက်ဘဲ လက်ထပ်ခဲ့ကြရသူတွေပါ ။အစပထမ လက်ထပ်ပီးကာစမှာ အိမ်ထောင်ရေးက သာယာနေပေမဲ့လဲ နောက်ပိုင်း ကိုကို့ကိုမွေးပြီး အသက် 6နှစ်လောက်မှာတော့ လုံးဝအဆင်မပြေတော့ချေ ။
ဘာကြောင့်လဲဆိုတော့ နဂိုထဲဒေါ်ပိုးသားနွယ်ဆိုသည်မှာက နဂိုထဲက အချိုးပြေသူမဟုတ် ချမ်းသာသော အသိုင်းအဝိုင်းမှပေါက်ဖွားလာသူပီပီ အသုံးအဖြုန်းကြီးသည် ကြားထဲ အလောင်းကစားကလဲ လုပ်တတ်သေးသည်။
ဦးသက်တံရောင်နှင့်ဆို အကျင့်စရိုက်တွေက မိုးနှင့်မြေလို ကွာခြားလှသည် ။ဒေါ်ပိုးသားနွယ် အစပိုင်းလောင်းကစားကို စတင်လုပ်တတ်လာတော့ ဦးသက်တံသိပါသည်။သို့ပေမဲ့မတား ဘာကြောင့်လဲမေးရင် အိမ်ထောင်ရေး အဖုအထစ်ဖြစ်မှာကြောင့်လို့ ဖြေမိပါလိမ့်မည်။ ေနာက်ပိုင်း သမီးငယ်ကိုယ်ဝန်ရလာတော့ ထိုလောင်းကစားအလုပ်ကို သူမ ဆက်မလုပ်တော့ ။လုံးဝစွန့်လွှတ်လိုက်ပြီထင်ပီး ဦးသက်တံ ဝမ်းသာခဲ့ရသည်။
သို့သော် ဒေါ်ပိုးသားနွယ်ကမူ အကျင့်တွေကို မဖြောက်ခဲ့ မဖြောက်တဲ့အပြင် သမီးငယ်ပိုးသားကိုမွေးပီးကလေးအသက် 2နှစ်ခန့်မှာ သူမက ကုမ္ပဏီရဲ့ငွေကြေးတွေကို အလွဲသုံးစားလုပ်ခဲ့ပြီး အလုပ်တွေနှင့်မအားလပ်ခဲ့တဲ့ခင်ပွန်းသည်ကို အခွင့်ကောင်းယူကာ အိမ်ထောင်ရေးဖောက်ပြန်မှု့တွေပါ လုပ်ခဲ့တယ်။

YOU ARE READING
ရင်ခုန်သံတွေနားဆင်လျက်ပါ...မောင်[completed]
Romanceရင်ခုန်သံတွေနားဆင်လျက်ပါ မောင်... ကြားရလားကိုကို မောင့်ရင်ခုန်သံတွေ.... အင်းကြားရတယ် ဒုတ် ဒုတ် ဒုတ် ဒုတ်နဲ့..... ဒါဆိုရင်တော့ ကိုကို နားဆရာဝန်ပြသင့်ပြီ ဟင် ဘာလို့လဲကွ မောင့်ရင်ခုန်သံတွေက ပြောနေတယ် ကိုကို့ကို ချစ်တယ်တဲ့💗💗💗 ရင္ခုန္သံေတြနားဆင္လ်က္ပါ...