Part..37

2.6K 99 5
                                    

ရင်ခုန်သံတွေ နားဆင်လျက်ပါ မောင်part37

#Part37
#Uni&Zawgyi💫🍓

ယခု အာဏာက ကိုကို့ မိဘတွေအိမ်ကို သွားနေတာ ဖြစ်တယ်။မနေ့ကတစ်ခါ ကိုကိုရှိတဲ့ဆေးရုံကို လာပြီးကတည်းက ဦးသက်တံ့နဲ့ပိုးက ထပ်မလာတော့ပါချေ။အာဏာလဲ ကိုကိုဆေးရုံမဆင်းခင်လေး သူလုပ်ချင်တာတွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ အတွက် ကိုကို့ ဒယ်ဒီနဲ့တွေ့ဖို့ လိုတာကြောင့် ကိုကို့အိမ်ကို လာရချေပြီလေ။

တီ...တီ...

ကိုကို့​​ခြံရှေ့ကိုရောက်တော့ ကားဟွန်းနှစ်ချက်ဆင့် တီးလိုက်ချိန် ဟိုတစ်နေ့က တွေ့ခဲ့တဲ့ ပြူးကြောင်ကြောင်နဲ့ ခြံစောင့်ကောင်ကို တွေ့လိုက်ပါပြီ။ခြံတံခါးဖွင့်ရမယ့် ဟာကို မဖွင့်ဘဲ ကြောင်ကြည့်နေတာကြောင့် နောက်ထပ် ထပ်မံပြီး ကားဟွန်းနှစ်ချက်ဆက်တီးလိုက်သည်။ပြီးမှ ကားပြတင်းမှန်ကို ချပြီး ခေါင်းထွက်ကာ အော်လိုက်လေတယ်။

"ဟျောင့် တံခါးမဖွင့်ဘဲ ဘာငေးနေတာလဲ။"

"ခင်ဗျာ ဆရာကြီးက သူစိမ်းတွေကို တံခါး ဖွင့်မပေးဖို့ ပြောထားလို့ပါ"

"အာ မင်းကတော့လေ ငါက သူစိမ်းမဟုတ်ဘူး မင်းတို့အကိုလေးရဲ့လင် အဲ့တော့ တံခါးဖွင့်"

"ဗျာ.. ဟုတ် ဟုတ်"

အာဏာ ထိုသို့ပြောလိုက်တော့ ခြံစောင့်မှာ နဂိုပြူးနေသော မျက်လုံးများ ပို၍ပင် ပြူးသွားရပြီး ဆွံအသွားလေတော့သည်။ပြီးမှ ယောင်နနနှင့် ခြံတံခါးကိုဖွင့်ပေးလေသည်။ခြံတံခါးဖွင့်ပြီး အာဏာ့ကား ခြံထဲဝင်ပြီးသည့်တိုင် တံခါးကို ပြန်မပိတ်ဘဲ ငေးကြောင်ကြောင်နှင့် ကြည့်နေသေးသည်။

အာဏာလဲ ခြံစောင့်ငကြောင်အား စိတ်ညစ်ညူးသည့်ပုံစံဖြင့် ကြည့်၍ ခေါင်းတစ်ချက်ခါယမ်းကာ အိမ်ထဲလို့သာ ဝင်လာခဲ့တော့၏။

အိမ်ထဲရောက်တော့ ဧည့်ခန်းမှာ TV ထိုင်ကြည့်နေတဲ့ ပိုးကို တွေ့လိုက်ရသည်။

"ဟဲ့ ပိုးမ..."

"ဟင်..အာဏာ သေနာကောင် ဘာလာလုပ်တာလဲ"

"အဟီး ယောက္ခမကြီးနဲ့တွေ့ချင်လို့"

"တော်စမ်းပါ ဘာယောက္ခမလဲ သေနာကောင် နင့်ဘာနင် ဟိုမိန်းမနဲ့ ယူမလို့မလား ဖိတ်စာတောင်ရိုက်ပြီးနေပြီဘဲ သွားစမ်းပါဟာ"

ရင်ခုန်သံတွေနားဆင်လျက်ပါ...မောင်[completed]Where stories live. Discover now