[Unicode]
မောင်ကမချော့တတ်ဘူးဂျွန်။ မောင်မနှစ်သက်သလို။ သဘောမကျဘူး။ မောင်တို့က အသက်ရွယ်အားဖြင့် လူကြီးပိုင်းတွေရာက်လာကြပြီ။ ကလေးတွေလို ရန်ဖြစ်လိုက်၊ပြန်ချော့လိုက် လုပ်နေတာက တကယ်အဆင်မပြေဘူး။
နှစ်သိမ့်ပေးပါတယ်။ဒါက ဂျွန့်အပေါ်အမြဲလိုလို သူလုပ်ပေးသောအရာဖြစ်သည်။အိမ်ထောင်ဖက်အချင်းချင်း နားလည်မူပေးပြီး နှစ်သိမ့်ပေးတာက အရာရာရောက်တယ်။ တစ်ယောက်ကိုတစ်ယောက်လဲ ပိုပြီးနားလည်လာနိုင်တယ်။ ကလေးတစ်ယောက်လို ချော့မြူနေတာထက်စာရင်ပေါ့။
နောက်တစ်ခု ချော့မြူတာထက် တစ်ခုခုကို စကားလမ်းကြောင်းလွဲပြီး ပြန်ပြီးနားလည်မူယူတာက ပိုအဆင်ပြေပါတယ်။ အိမ်ထောင်သည်ဘ၀မှာ အထစ်အငေါ့လေးတွေတော့ရှိနိုင်တာပဲ။အမြဲတမ်းလို လိုက်ချော့နေတာကြီးက ရာသက်ပန်အတွက်အဆင်မပြေနိုင်ဘူး။ဒါကို ဂျွန်ကနားမလည်ပေးနိုင်ခဲ့ဘူး။
မောင်နဲ့သူကြားက အမြင်မတူသော နောက်တစ်ခုသည် သူကအချော့ခံရတာကိုကြိုက်သည်။ သို့သော် မောင်ကမချော့ပါ။
_____________________
ဒေါက်*ဒေါက်*
ဘောပင်ကို လှည့်ရင်းနှင့် သူတွေးနေခဲ့သည်။ အပြင်သို့ငေးကြည့်ရင်း ရေရေရာရာရယ်လို့မရှိပဲ။ သူ့အတွေးတွေ လွန်နေခဲ့တာ။
"CEO Jeon... "
"ဟင်.. "
အတွင်းရေးမှူးမလေးက ရုံးခန်းတံခါးကို အနည်းငယ်ဟ၍ ခေါ်မှပဲ အသိ၀င်လာတော့သည်။ ဘာတွေ တွေးနေတာပါလိမ့်။သူကိုယ်သူလဲ မသိတော့။
"ဘာတွေ တွေးနေတာလဲ.. "
"ဒီလိုပါပဲ..ဘာလို့လဲ..လတ်မှတ်ထိုးပေးရမှာလား.. "
"ဟုတ်.. "
ကောင်မလေး ကိုင်ထားသော စာအုပ်ကို မေးငေါ့ပြရင်းပြောတော့ သူ့ကိုစာအုပ်လေးထိုးပေးပါသည်။
"မနက်ဖြန် dinner ရှိပါတယ်CEO.. "
"အင်း..အချိန်ဇယား ယူလာပေး.."
"ဟုတ်.. "
ထိုကောင်မလေးသည် အခန်းထဲကထွက်သွားခဲ့သည်။ ဘာမှန်းမသိပေမဲ့ သူသက်ပြင်းလေးချမိပါရဲ့။ အပြင်မှာ မိုးတွေကသည်းသည်းမဲမဲရွာနေတာ။ အုံ့မိူင်းပြီး သဲသဲမဲမဲကိုပေါ့။

YOU ARE READING
"မောင့်သက်လျာ.. " [Completed]
FanfictionTaehyung×Jungkook Married life ကိုဦးစားပေးရေးထားသည်မို့ အဆင်ပြေမှ ဖတ်ကြပါ။ ❤️🕊️