Part (4)

7.1K 481 55
                                    

[Unicode]

"ဟေ့ကောင်..သောက်လှချည်လား.."

Barမှာထိုင်နေခဲ့သော ထိုသူကကြေကွဲနေသော စိတ်တို့ကို အရက်တို့နှင့်ဖြေဖျောက်နေသည်။

သူငယ်ချင်းဖြစ်သူ မင်ယွန်းဂီဟာ သူ့ပခုံးကိုလှမ်းပုတ်လျက်..

"အင်း.."

"ဘာလဲ ပြသနာတက်လာပြန်တာလား.."

"အင်း..သူကို နားမလည်နိုင်တော့ဘူး..ငါကိုယ်ငါလဲ နားမလည်နိုင်တော့ဘူး.."

"ဟင်..ဘာတွေဖြစ်ပြန်တာ.."

ထိုသို့နှင့် သူ့ကိုအကုန်ပြောပြလိုက်သောကျတော်။ ယွန်းဂီက သက်ပြင်းယဲ့ယဲ့ချရင်း ဘေးက ဝိုင်ခွက်ကို ငှဲ့ရင်းသောက်သည်။

"မင်းကချစ်တဲ့သူဆိုတော့လဲသီးခံပေးလိုက်ပါကွာ..တစ်ခါတစ်လေတော့လဲ သူတို့ကဒီလိုပါပဲ နဲနဲဂျစ်ကန်ကန်ဆန်တာ..အလိုမကျတာပေါ့"

"မသိတော့ဘူးပြီးတော့လဲ ကွာမယ်တဲ့..ဟက်! "

ရှေ့က အရက်ခွက်ကို မော့သောက်ချရင်း ထိုယောက်ျားသားသည် အလွန်ဝမ်းနည်နေခဲ့သည်။သူငယ်ချင်းဖြစ်သူကလဲ သက်ပြင်းတစ်ချချသာ။

"သူတို့က စိတ်တိုတဲ့အချိန်ပဲ အဲ့လိုပြောကြတာပါကွာ..စိတ်ထဲထားမနေနဲ့..ပြီးရင် ဘာမှဟုတ်တော့တာ မဟုတ်ဘူး.. "

တီ*တီ*တီ*

ထိုအချိန်နှင့်တစ်ဆတ်ထဲ ၀င်လာသော ဖုန်းကြောင့် ကိုင်မိပြန်ပါရဲ့။

"ဟယ်လို.."

"ဟင့်! မောင်.."

"ဘာလို့လဲ ဂျွန်.."

ငိုနေသော တစ်ဖက်ကအသံကြောင့် သူရင်တွေပူထူသွားရပြန်သည်။မူးနေသော အရှိန်တို့လဲ ပြေပျောက်သွားရ၏။ အော်စိတ်ဆိုးတုန်းလဲ တစ်ခနပါပဲလား။

"ဟင့်! ပျို့ပျို့ပြီး အန်နေတယ်.."

"အင်းအင်း..မောင်အခုလာခဲ့မှာမို့ ခနလေးပဲ.."

ပိုက်ဆံအိတ်ကို အင်္ကျီထဲသို့အမြန်ထည့်ရင်း ယိုင်ထိုးနေသည့်ကြားထဲက ထိုယောက်ျားသားက ထသွားပြန်ပါရော။ ကျန်ခဲ့သည့် သူငယ်ချင်းဖြစ်သူမှာလဲ ခေါင်းတစ်ရမ်းရမ်းဖြင့်။

"မောင့်သက်လျာ.. " [Completed]Место, где живут истории. Откройте их для себя