[Unicode]
ကိုယ်၀န်အားဆေးတွေ သူသောက်ခဲ့တာ မလိမ်ပါဘူး။တကယ်လဲ ကလေးလိုချင်တာကြောင့် သောက်ခဲ့မိပါသည်။ ဒါမဲ့မောင့်ကိုမတိုင်ပင်ခဲ့တာမဟုတ်ဘူး။ ကလေးလိုချင်သောအကြောင်းရင်းကို မောင့်မေမေနဲ့အရင် ပြောဖြစ်ခဲ့သည်။ မောင့်မေမေကလဲ သဘောတူသည်မို့ အန္တရာယ်မဖြစ်စေတဲ့ ထိုဆေးကိုသောက်ဖို့ အားပေးခဲ့လေသည်။
မောင့်ကိုမပြောဖို့လဲမှာခဲ့ပြန်ပါသည်။သူလဲ ဆုံးဖြတ်ခဲ့သည်။ ကလေးရမှမောင့်ကို အံ့ဩစေဖို့ပြောမယ်ဆိုပြီးရည်ရွယ်ကာ လုပ်ခဲ့မိသည်။ ဒါတွေကအဲ့လောက်အမှားကြီးဖြစ်သွားမှန်းတကယ်မသိပဲ လုပ်ခဲ့မိသည်ပါ။
တိုင်ပင်ဖို့ဆိုတာကလဲ ဘူဆန်ကပြန်လာထဲက မောင်နှင့်သူ့ကြားမှာ စိတ်ခုစရာတွေများခဲ့တာကြောင့် အေးဆေးတိုင်ပင်ဖို့အချိန်မရှိခဲ့ဘူး။ ဒီကြားထဲ သူ့စိတ်တွေအရမ်းကိုထွေပြားခဲ့ရသည်။ ဒါကိုသူကိုယ်တိုင်လဲသိပါတယ်။ မောင့်ရဲ့အလုပ်တွေကြားမှာကော၊ ဆံထိုးကိစ္စတွေကော အာရုံတွေအရမ်းထွေးပြားခဲ့ရသည်။
မောင့်ဘက်ကသူ့ကို ကိစ္စတစ်ခုခုမဖြစ်ခင် ကြိုပြီးမပြောပြတဲ့အပေါ်မှာ သူ့စိတ်တွေမွန်းကြပ်ရသည်။ အိမ်ထောင်ဖက်ဖြစ်တာမို့ ငါတော့ဘာလုပ်မယ်။ ဘယ်သူ့ကို၀ယ်ပေးတယ်။ ဒီလိုမျိုးမရှိပဲနေတဲ့အပေါ်မှာ သူ့ဘက်ကမပြောတော့ မပွင့်လင်းတယ်ဖြစ်လာခဲ့သည်။
ဒီပြသနာတွေမှာ ဘယ်သူတွေကမှားနေတာလဲမောင်။ ငါလား။ မောင်လား။
================
မောင်ကအိပ်ရာပေါ်၌မျက်နှာကိုလက်နှင့်အုပ်ပြီး ငိုနေခဲ့သည်။ သူလဲမောင့်လက်အား ဆုပ်ကိုင်၍ ထပ်တူငိုနေခဲ့မိသည်။ တကယ်ပဲ ငါမောင့်ကိုနာကျင်ဖို့ ရည်ရွယ်ခဲ့တာမဟုတ်ပါဘူး။
"မင်းသိလားဂျွန်..မင်းအမြဲပြောတယ်...မောင်နဲ့မဆိုင်ဘူး..အရေးမကြီးဘူးနဲ့..ငါ့ကိုတကယ်ကောချစ်သေးရဲ့လား..ငါ့ကိုတကယ်ကော..မင်းဘ၀အတွက် လိုအပ်သေးရဲ့လားဂျွန်.. "
မောင်မေးသောထိုစကားကို ဆွံ့အစွာနားထောင်မိသည်။ သူပြောခဲ့တာတွေမှန်ခဲ့ပေမဲ့ ငါက..ငါကမောင့်ကိုတကယ်ချစ်တာပါ။ နာကျင်လွန်းလို့ ဆို့တက်လာသောအပူလုံးကြီးသည်လည်ချောင်း၀၌ ပိတ်ဆို့လို့နေခဲ့သည်။
BẠN ĐANG ĐỌC
"မောင့်သက်လျာ.. " [Completed]
FanfictionTaehyung×Jungkook Married life ကိုဦးစားပေးရေးထားသည်မို့ အဆင်ပြေမှ ဖတ်ကြပါ။ ❤️🕊️