[Unicode]
"ဟိတ်ဟိတ်!တော်တော် တစ်ခုပဲစားရမယ်..ပြီးရင်ချောင်းဆိုးဦးမယ်.."
"မောင်ကလဲ.."
"မောင်ကမလဲဘူး..ညီလေး စတော်ဘယ်ရီတစ်ခုပဲပေးပါ.. "
ချက်ချင်းကိုဆူထွက်လာပါသော ထိုနူတ်ခမ်းပါးပိစိလေး။ ရေခဲမုန့်ထည့်ပေးသော ကောင်လေးက သူတို့နှစ်ယောက်ကိုပင်ကြည့်၍ ရယ်လေ၏လေ။
"အဲ့မောင်က! "
ရေခဲမုန့်လေး လက်ထဲရောက်သည့်တိုင်အောင် မတင်းတိမ်နိုင်ပါသေးသော ဂျွန်ရယ်။ သူ့ကိုစားနေတာတောင် မျက်စောင်းထိုး၍လေ။
"မောင့်ကိုနဲနဲကျွေးပါဦး..မြည်းကြည့်ချင်လို့.."
"ကိုယ့်ဘာသာ၀ယ်စား..ကျွေးဘူး! "
သူ့ကိုဆူအောင့်ကာပြော၍ အရှေ့ကထွက်သွားသော ထိုကလေး။ အစားနဲ့ဆို ဒီကမောင့်ကိုချစ်တာတွေ၊ဘာတွေမရှိတော့ပါလေ။ သူများ၀ယ်ကျွေးလို့လဲစားရသေးတယ်။ ဒီကလေးခဗျာ! လုစားရင်လဲငိုဦးမယ်။
ရေခဲမုန့်ဖိုးပိုက်ဆံရှင်း၍ ကားထဲပြန်လာတော့ ဒီအကောင်ပေါက်လေးက ကုန်တောင်ကုန်နေပါပြီ။ အစားသောင်းကျန်းတဲ့ဟာလေး။ နဲနဲပါးပါးမောင်စားချင်မှာပဲလေ ဆိုပြီးတစ်ခါမှ မချန်ဖူးဘူး။ အဲ့လိုချစ်တာ။
"၀ပြီလား.. "
"အွန်းးအရမ်းကောင်းတာပဲ မောင်မသိလို့! "
ဂျွ့န်အား ပြောပြီးကားထဲ၀င်၍ ကားမောင်းရန်ပြင်လိုက်တော့ သူတို့ဘေးကနေ ဖြတ်သွားသော သမီးရည်းစားနှစ်ဦး။
*ငယ်ကမောင့်ကိုချစ်လားဟင်.. *
*ချစ်တာပေါ့..ငယ့်ဘ၀မှာ မောင့်ကိုအချစ်ဆုံး..*
"မောင်..ဘာလို့အဲ့မိန်းကလေးကိုကြည့်နေတာလဲဟင်..ဘာလို့လဲဟင် "
ဂျွန်မေးတော့ ဂျွန့်ဘက်သို့လှည့်၍သူနှစ်ခြိုက်စွာ ပြုံးမိသည်။ ဂျွန့်ကိုကြည့်ပြီး မှင်သက်စွာပြုံးမိလိုက်သည်။ ဂျွန်ကအခု ပွင့်လင်းလာတယ်မဟုတ်လား။ အရင်လို တစ်ယောက်ထဲ ကြိတ်ပြီးမတွေးတော့ပဲ သူ့ကိုပွင့်လင်းလာသည်မဟုတ်လား။

ESTÁS LEYENDO
"မောင့်သက်လျာ.. " [Completed]
FanficTaehyung×Jungkook Married life ကိုဦးစားပေးရေးထားသည်မို့ အဆင်ပြေမှ ဖတ်ကြပါ။ ❤️🕊️