Part (14)

6.3K 391 71
                                    

[Unicode]

ကိုယ်၀န်ဟာ ပထမဆုံးဦးစွာ(၁)လထဲသို့ စရောက်လာခဲ့လေပြီ။ ဆရာ၀န်နှင့်သေချာလေး တိုင်ပင်ထားသည်မို့ ဘာမှဖြစ်မလာဖို့တော့ ဆုတောင်းနေမိပါသည်။ သူ့ဘက်ကလဲ အတတ်နိုင်ဆုံးဂရုစိုက်နေ‌ပေးသည်မို့ ဒီကလေးကို ဒီတစ်ခါတော့အဖတ်တင်စေချင်မိသည်။

"ဂျွန်၊မောင့်အသက် လာဦးမောင့်ဆီ.. "

ဆိုဖာပေါ်၌ပက်လက်လေးလှဲ၍ T.Vကြည့်နေသော ဂျွန့်ကိုခေါ်မိသည်။ သူကတော့ အခုမှ shooting ကပြန်လာသည်မို့ ရေချိုးပြီး ထွက်လာသူဖြစ်သည်။သူခေါ်တော့ ဂျွန်ကအခန်းထဲသို့ပြေးလာ၏။

"ဟော..ပြေးမလာနဲ့ဆို "

"ဟီး..မောင်ကလဲ.. "

ဂျွန်ကရယ်လဲရယ်ပြ၍ ဗီရိုထဲကနေ သူ၀တ်ဖို့အင်္ကျီထုတ်ပေးလေသည်။ သူလဲအ၀တ်အစားလှဲပြီးသည်နှင့် မွေ့ယာပေါ်၌ဖုန်းကြည့်နေတော့။ ဂျွန်ကပြန်ထွက်သွားသည်။နောက်တော့ပြန်လာပါရဲ့။ လုံးလုံးလေးက။

"မကြည့်တော့ဘူးလား.. "

"မကြည့်တော့ပါဘူး..မောင်နဲ့ပဲနေမို့ "

ကုတင်ပေါ်သို့ခုန်ပေါက်၍တက်လာသည်မို့ ထိုကလေးကို သူ့မှာရင်တမမ။ နောက်တော့ သူရင်ခွင်ထဲတိုး၀င်လာပါရဲ့။ ခါးကနေဖက်ထား၍လှဲနေသည့်ဂျွန်။ ဆံပင်လေးတွေအားသပ်ပေးတော့ ငြိမ်ခံနေ၏။

"မောင်... "

"အင်း... "

"မနက်ဖြန်ကျရင် ငါနဲ့အတူတူနေပေးပါလားဟင်.. "

"ဟင်..ဘာလို့လဲ မနက်ဖြန် ဗုဒ္ဓဟူးလေ ဂျွန်ကုမ္ပဏီမသွားဘူးလား.. "

"ဟင့်အင်း..ငါမသွားချင်ဘူး "

"အင်းပါဂျွန်မသွားချင်မသွားနဲ့လေ..‌အလုပ်တွေကို ရှေ့လကစပြီးနားလိုက်ပါတော့လားဂျွန်..မောင်မင်းကို မလုပ်စေချင်တော့ဘူးနော်.."

မောင့်ရဲ့မျက်နှာလေးအား မော့၍ကြည့်မိသည်။ မောင်ကလဲသူ့ကိုစိုက်ကြည့်နေသည်။

"ဒါမဲ့ ငါမလုပ်ရင် အဆင်ပြေပါ့မလား.. "

"မောင်မင်းကိုရှာကျွေးနိုင်ပါတယ်ဂျွန်ရယ်..မင်းရဲ့မောင်က မင်းကိုလူ‌စိတန်းစိထားနိုင်ပါတယ်.. "

"မောင့်သက်လျာ.. " [Completed]حيث تعيش القصص. اكتشف الآن