[Unicode]
"မောင်အရမ်းမသောက်နဲ့.. "
မောင့်အရှေ့က ပုလင်းကိုဆွဲယူလိုက်တော့ ရူံ့မဲ့သွားသောမျက်နှာနှင့် ဒီမောင်ကသူ့ကိုကျေနပ်သည့်ပုံမပေါ်ပင်။
ထိုAnniversary ပွဲလေးရဲ့ dinnerကို သူတို့ခြံထဲ၌ ကျင်းပ၍ အကုန်လုံးက စားသောက်၍ပျော်ပါးလို့။ ဒီနေ့သည် ခရစ်မတ်စ်ဖြစ်တာကောကြောင့်ပင် မြို့ထဲဆိုတာကလဲ လူအမြောက်အမြားနှင့်စည်းကားသိုက်မြိုက်စွာ။
"မောင်တော်ပြီ.. "
"ဂျွန်ကလဲကွာ.. "
အကိုနမ်ဂျွန်းတို့က ရယ်မောစရာပြောနေသည်မို့ ငေးနေသောသူ့ကို အခွင့်ကောင်းယူကာ အရှေ့ကပုလင်းကို ဆွဲယူနေသောမောင်။ ဒီမောင်ဟာလေ အရမ်းကဲ။
"တော်ပြီနော် ထပ်သောက်ရင်နော်.. "
"အင်းပါ မောင်မသောက်တော့ပါဘူး.."
နဲနဲလေးလေသံမာလိုက်တော့ ချက်ချင်းပြောင်းသွားသောမောင့်အသံ။ ထိုသည်ကြောင့် မောင်မမြင်အောင် ခိုးပြုံးမိသေးသည်။ သူမှမတားရင် ဒီမောင်တော်မည်မဟုတ်ပါ။ အခုလဲကြည့် သောက်ထားတာမျက်နှာတွေပင် အန်းနေလေပြီ။
မေမေကသားလေးကို ထိန်းပေးထားသောကြောင့် သူတို့ဝိုင်းလေးက ပျော်မြူးနေလျက်။ ထိုခွက်တွေကြားထဲမှ သူကတော့ colaလေးနဲ့ပေါ့။ မောင်ကအသားကင်ကိုသွားယူပေးကာသူပန်းကန်ထဲသို့ထည့်ပေးလာ၏။
"သီချင်းလေး ဘာလေးမဖွင့်ကြဘူးလား.."
အကိုယွန်းဂီကစကားစလာပါတော့ သူဟာအသဲအသန်ငြင်းရလေ၏။
"ဟင့်အင်း မဖွင့်ဘူးနော် သားသားအိပ်နေတယ်.. "
မောင်ကခေါင်းငြိမ့်ပြကာ အသားကိုလှီးလျက် သူ့ပန်းကန်ထဲသို့ ထည့်ပေးလာသည်။ မောင်ရဲ့ရေချိန်ကိုက်မူဆိုတာ စကားတွေပင်မပြောနိုင်သည်အထိဖြစ်လာတော့သည်။
"Marry Christmas !! "
"တိုးတိုးလုပ်ကြပါကွာ... "
(၁၂)နာရီအတိကြ အကုန်လုံးက ထအော်သည်မို့ မောင်က တိုးတိုးအော်ခိုင်းရသေးသည်။ မီးပန်းသေးသေးလေးတွေကိုင်လျက် ပျော်မြူးနေကျသော သူတို့ကိုကြည့်ရင်း သူ့မှာလဲစိတ်ချမ်းသာတာအမှန်ပင်။ ပြန်ခါနီး ဒါတောင်အတွဲတွေလုပ်၍ ဖုန်းထဲက သီချင်းသံသေးသေးလေးနှင့် ကသွားကြသေးတာ။

YOU ARE READING
"မောင့်သက်လျာ.. " [Completed]
FanfictionTaehyung×Jungkook Married life ကိုဦးစားပေးရေးထားသည်မို့ အဆင်ပြေမှ ဖတ်ကြပါ။ ❤️🕊️